အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီးဒေါခင်ကြည် ကွယ်လွန်ခြင်း(၃၇)နှစ်ပြည့်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ကြောင်း ဗဟန်းမြို့နယ် ရွှေတောင်ကုန်းသာသနာ့ရိပ်သာနဲ့ နီးစပ်သူတဦးဆီကနေ သိရပါတယ်။
အဲ့ဒီအလှူကို ဒီကနေ့ ဒီဇင်ဘာလ၂၇ ရက်မှာ ဗဟန်းမြို့နယ်ထဲမှာရှိတဲ့ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာပြုလုပ်ခဲ့တာဘဲဖြစ်ပါတယ်။
“အကျဉ်းကျခံနေရ၍ကိုယ်တိုင်ကပ်လှူခွင့်တော့မရရှာပေ။ယခုတစ်ကြိမ်နဲ့ပါဆိုရင်ကိုယ်တိုင်ကပ်လှူခွင့်မရတာ(၅)ကြိမ်ရှိသွားပါပြီ။ ရွှေတောင်ကုန်းရိပ်သာမှာအရုဏ်ဆွမ်းတို့၊နေ့ဆွမ်းတို့မသုံးဆောင်မီအလှူရှင်တွေမေတ္တာပို့လေ့ရှိတဲ့အတိုင်း-ဆွမ်းဒကာ ဆွမ်းအမ အလှူရှင်တွေအသက်ရှည်စွာ ကျန်းမာချမ်းသာကြပါစေ။ဆွမ်းအမဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုမေတ္တာပို့သလိုက်ပါတယ်”လို့ ဆိုထားပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုလှူတန်းတာဟာမိခင်ဖြစ်သူ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ကွယ်လွန်တဲ့(၃၇)နှစ်ပြည့်ကိုရည်စူးပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ-CJ


