Homeအထူးသတင်းဒီနေ့ ညပိုင်းကစပြီး ထိုင်းနဲ့ ကမ္ဘောဒီး ယားနယ်စပ်က စစ်ပွဲတွေရပ်ကြလိမ့်မယ်လို့ ထရမ့်ပြော

ဒီနေ့ ညပိုင်းကစပြီး ထိုင်းနဲ့ ကမ္ဘောဒီး ယားနယ်စပ်က စစ်ပွဲတွေရပ်ကြလိမ့်မယ်လို့ ထရမ့်ပြော

၁၃ ဒီဇင်ဘာ ၂၀၂၅

ဒီဇင်ဘာ ၁၃ ရက် ညပိုင်းကစလို့ ထိုင်းနဲ့ ကမ္ဘောဒီး ယားနယ်စပ်က စစ်ပွဲတွေရပ်ကြလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြား လိုက်ပါတယ်။

ဒီအတွက် ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီး ယား နှစ်နိုင်ငံလုံးရဲ့ဝန်ကြီးချုပ်တွေနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်ပွဲရပ်ကြလိမ့်မယ်လို့ ပြောဆိုပေမယ့်လည်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်ရော၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တိုဘက်က တိတိကျကျထုတ်ပြန် ပြောဆိုထားတာ မရှိသေးပါဘူး။

ထိုင်းဝန်ကြီးချုပ် အနူတင်ဘက်ကသူ့ရဲ့လူမှုကွန်ရက်ပလက်ဖောင်းဖြစ်တဲ့ Truth မှာတော့ ထရမ့်က ညနေပိုင်းကစလို့ နှစ်နိုင်ငံကြား အပစ်ရပ်သဘောတူညီမှု စတင် အသက်ဝင်မှာဖြစ်ပြီး မူလ ကတိတွေကို ဆက်လက် လေးစားလိုက်နာကြမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးဟာ ငြိမ်းချမ်းရေးအတွက်ရော၊ အမေရိကန်နဲ့ ကုန်သွယ်ရေးအတွက်ပါ အသင့်ရှိနေကြကြောင်း ရေးသားထားတာတွေ့ရပါတယ်။

ထရမ့်ဟာ ဇူလိုင်လတုန်းက အမေရိကန် ဝင်ညှိပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လက်ခံခဲ့တဲ့အတွက် နှစ်နိုင်ငံသွင်းကုန်အခွန်စည်းကြပ်မှုတွေကို လျှော့ချပေးခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်က အခု ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေ ပြန်လည် စတင်လာပြီးနောက်မှာတော့ နှစ်ဖက် အသေ အ ပျောက် ၂၀ ထက်မနည်း ရှိခဲ့သလို နယ်စပ်မှာ နေထိုင်သူ ၅ သိန်းနီးပါးလောက်ဟာ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရတာဘဲဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ်အငြင်းပွားမှုဟာ နှစ်ပေါင်းများစွာ တည် ရှိနေခဲ့ပြီး ဒီနှစ်ထဲမှာတော့ စစ်ပွဲအဆင့်ထိ ပေါက်ကွဲလာခဲ့တာ ဖြစ်ပါတယ်။ အခုသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံရဲ့ ပြည် နယ် ၆ ခုထက်မနည်းနဲ့ ကမ္ဘောဒီးယားရဲ့ ပြည်နယ် ၅ ခု ထိစပ်ရာ နယ်စပ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား -BBC

ဓာတ်ပုံ-AFP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး