Homeပြည်တွင်းသတင်းထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ပြန်ဖြစ်

ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ပြန်ဖြစ်

ဒီဇင်ဘာ ၂၀၂၅

ထိုင်းနဲ့ ကမ္ဘောဒီးယာအကြား အပစ်ရပ်စာချုပ်ရဲ့ သဘောတူညီချက်တွေကို ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲကြရာကနေ နှစ်နိုင်ငံ စစ်ပွဲပြန်ဖြစ်နေပါတယ်။

ကမ္ဘောဒီးယားက ယနေ့နံနက် ၃ နာရီမှာ ထိုင်းနယ်စပ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုကို စတင် ခဲ့ပြီးနောက် ထိုင်းစစ်တပ်က လည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဗိုလ်ချုပ် ဝင်ထိုင်ဆူဗာရီက ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။

ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်မှုကြောင့် ထိုင်းစစ်သားတဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့လို့ လက်တုန့်ပြန်တိုက်ခိုက်တာလို့ ထိုင်းဘက်က ပြောဆိုထားပါတယ်။

ကမ္ဘောဒီးယားစစ်တပ်ကတော့ ထိုင်းစစ်တပ်ဟာ ရက်များစွာကြာအောင် ရန်စတဲ့လုပ်ရပ်တွေ ပြုုလုပ်ပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါလို့ စွပ်စွဲထားပါတယ်။

အခုလို တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် ဘူရီရမ်၊ စူရင်၊ ရှရီစက်ခက်နဲ့ အူဘွန်ရာချ်ဌာနီ ခရိုင် ၄ ခုက နယ်စပ်မြို့နယ်နေ ပြည်သူတွေကို သတ်မှတ်ထားတဲ့ ခိုလှုံရာစခန်းတွေဆီ အရေးပေါ် ရွှေ့ပြောင်းခိုင်းထားတယ်လို့ သိရပါတယ်။

နှစ်နိုင်ငံအကြား ဇူလိုင်လအတွင်း ၅ ရက်ကြာ နယ်စပ်အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ရဲ့ အကျိုးဆောင်မှုနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ ပါတယ်။ အဲ့ဒီနောက် အခုလို စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး