မြန်မာနိုင်ငံမှာ အသတ်ခံရတဲ့ ဘီလာရုစ် နိုင်ငံသူဟာ ထိုင်းဘက်မှာ ပြန်ပေးဆွဲခံရတာမဟုတ်ဘဲ မြန်မာနိုင်ငံရောက်မှသာ ပြန်ပေးဆွဲ အသတ်ခံရခြင်းဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ဘယ်လာရုစ်မော်ဒယ် VERA KRAVTSOVAဟာ စက်တင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံသကိုရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၇ နာရီ ၂၀ နာရီ မိနစ်အ ချိန် ထိုင်းလေကြောင်းလိုင်း TG301 နဲ့ ထိုင်းနိုင်ငံကနေ ရန်ကုန်လေဆိပ်ကို ထွက်ခွာခဲ့တာကို မှတ်တမ်းတွေရရှိထားပြီး မြန်မာနိုင်ငံကို ထွက်ခွာရာမှာ အတင်းအကျပ် ဖိအားပေးစေခိုင်းထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဒါအပြင် အဲဒီ မော်ဒယ်အမျိုးသမီးဟာ မြန်မာနိုင်ငံအတွင်း ဘယ်လိုသတ်ခံရတယ်ဆို မသိရှိရဘဲ ထိုင်းနိုင်ငံအနေနဲ့ လက်လှမ်းမမှီဘူးလို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အသက် ၂၆ နှစ်အရွယ် ဘီလာရုစ်မော်ဒယ် VERA KRAVTSOVA ဟာ စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီးနောက် ပြန်ပေးဆွဲခံရပြီး ကိုယ်တွင်းကလီစာတွေရောင်းစားခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရပြီး အလောင်းကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ပြန်ပေးဆွဲသူသတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းက အသက် ၂၆ နှစ်အရွယ် ဘီလာရုမော်ဒယ် VERA KRAVTSOVA ရဲ့မိသား စုထံကို ဆက်သွယ်ပြီး အရိုးပြာလိုချင်ရင် အမေရိကန် ဒေါ်လာ ၅၀၀၀၀၀ တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တခုလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လာရုစ်အစိုးရရဲ့ ကြားဝင်မှုနဲ့ ငွေပေးရန်မလိုဘဲ အရိုးပြာတွေ ပြန်ပေးဖို့ ပြန်ပေးဆွဲသူတွေနဲ့သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Vera Kravtsova. /Daily Mail


