Homeပြည်တွင်းသတင်းဝရမ်းထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဆီးပေးဖို့ အင်တာပိုအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းကို BROUK တောင်းဆို

ဝရမ်းထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဆီးပေးဖို့ အင်တာပိုအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းကို BROUK တောင်းဆို

ဧပြီ ၊၂၀၂၅

ဘန်ကောက်မြို့ကို BIMSTEC အစည်းအဝေးတက်ဖို့ ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းကို Burmese Rohingya Organisation UK ဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က အာဂျင်တီး နားနိုင်ငံ တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ဧပြီ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကြောင်း ကြားခဲ့ပြီးဖြစ်တယ်လို့ BROUK အဖွဲ့က ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံ တခုဖြစ်ခဲ့ပြီး ဝရမ်းထုတ်ခံထားရသူကို INTERPOL အဖွဲ့ဝင်နိုင်ငံတွင် တွေ့ရှိပါက လုပ်ငန်းစဉ်အရ တရားရုံးသို့ တရားဝင်လွှဲ ပြောင်းပေးရန် BROUK က တိုက်တွန်းထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်သူ စစ်ကောင်စီအရာရှိ ၂၃ ဦး နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော် တို့ကို အာဂျင် တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ တရားရုံးက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ် ထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – The Reporters

Related News

Most Read