မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာအပါအဝင် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်လိုက်ပြီးလို့ ဒီကနေ့ ဇူလိုင်၂၁ရက်မှာ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့စခန်းတွေကို မနေ့က ဇူလိုင်၂၀ ရက်မှာ အပြီးသိမ်းလိုက်နိုင်တာဖြစ်ပြီး၊ ရန်သူ့ဆီကနေဒရုန်းဂျမ်ဘာ ကားတစ်စီး ၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေလက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် တိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦးနဲ့သုံ့ပန်း (၁၆)ဦး ကိုဖမ်းဆီးရမိခဲ့ပြီး ရန်သူ့အ လောင်း(၁၅) လောင်းကိုပါတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ စခန်းသိမ်းစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့ နယ် ပကဖ၊ SSTF တပ်ဖွဲ့တို့ ပူးတွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)


