အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီကို မြန်မာပို့ကုန်တွေအတွက် အခွန်နှုန်းထားအသစ်တိုးကောက်ဖို့ မနေ့က ဇူလိုင် ၇ ရက်စွဲနဲ့အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကိုတင်ပို့မယ့် ပို့ကုန်တွေအတွက် အကောက်ခွန်နှုန်းထားကို ဩဂုတ် ၁ ရက်နေ့ကနေစလို့ ၄၀ ရာခိုင်နှုန်းကောက်ခံမယ်လို့အကြောင်းကြားစာမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ထရမ့်အနေနဲ့ အရင်က မြန်မာပို့ကုန်တွေအတွက် ၄၅ ရာခိုင်နှုန်းပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပေမယ့် တရားဝင်အကြောင်းကြားစာမှာတော့ ၄၀ ရာခိုင် နှုန်း သတ်မှတ်ထားတယ်လို့ ဖော် ပြထားပါတယ်။
ဒေါ်နယ်ထရမ့်အစိုးရလက်ထက်မှာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေနဲ့ နိုင်ငံတကာ သတင်းဌာနတွေကို ပိတ်ပစ်လိုက်တဲ့အပြင် ဂျပန်၊ တောင်ကိုရီးယားနဲ့ နိုင်ငံအချို့ကခေါင်းဆောင်တွေထံ အခွန်နှုန်းထားအသစ်နဲ့ စတင်ကောက်ခံတော့မယ့်အကြောင်း သူ့ရဲ့ Truth Social ပလက်ဖောင်းမှာ မျှဝေဖော်ပြထားပါတယ်။


