ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်ပြည့် ဆဲဗင်းဂျူလိုင်အထိမ်း အမှတ်မှာ “Long Live Students Revolution” ကျောင်းသားထုတော်လှန် ရေး တည်တံ့ပါစေ” လို့အဓိပ္ပာယ်ရတဲ့ဘန်နာတစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးမှာ ချိတ်ဆွဲခဲ့ကြပါတယ်။
ဒါ့အပြင် ထိုင်း-ဗမာ ကျောင်းသားတွေရဲ့ စည်းလုံးမှု အဓွန့်ရှည်ပါစေ” ဆိုတဲ့ ဘန်နာကိုလည်း တပြိုင်တည်းချိတ်ဆွဲခဲ့ကြတယ်လို့ သိရပါတယ်။
ဆဲဗင်းဂျူလိုင်နေ့ဟာ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ ဦးနေဝင်းအစိုးရအာဏာသိမ်းမှုအပေါ် ကျောင်းသားထုက ဆန္ဒပြခဲ့တာကြောင့် စစ်တပ်က ကျောင်းသား/သူ ကျောင်းတွေကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းပစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။
ဓာတ်ပုံ- Minn Khant Kyaw Linn


