Homeပြည်တွင်းသတင်းထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေမှာ မြန်မာနိုင်ငံသားတွေ မပါဝင်ဖို့ NUG အသိပေး နှိုးဆော်

ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေမှာ မြန်မာနိုင်ငံသားတွေ မပါဝင်ဖို့ NUG အသိပေး နှိုးဆော်

ဇူလိုင် ၂၀၂၅

ထိုင်းနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအရပ်ရပ်ကြောင့်ထိုင်းနိုင်ငံသားများ စုဝေးဆန္ဒပြတဲ့ နေရာတွေကို ရှောင်ရှားကြဖို့နဲ့ ထိုင်းနိုင်ငံရေးလှုပ် ရှားမှုတွေမှာပါဝင်တာတွေမပြု လုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၂ ရက်မှာ တိုက်တွန်း နှိုးဆော်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီ နှိုးဆော်ချက်မှာ အမျိုးသားညီ ညွတ်ရေးအစိုးရအနေနဲ့ ယာယီခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းလူမှုအသိုင်း အဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစား လိုက်နာကာ သဟဇာတဖြစ်အောင် နေထိုင်နိုင်ရေးကို ကြိုးစားဆောင် ရွက်ပေးနေတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လူသားချင်းစာ နာ ထောက်ထားကာ ဆက်လက်ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံပန်ကြားထားပါတယ်။

မြန်မာနိုင်ငံသားများကလည်းအိမ်နီးချင်းနိုင်ငံမှာ ခိုလှုံနေရတဲ့အတွက် အတတ်နိုင်ဆုံး ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ ဒေသန္တရ ယဉ် ကျေးမှု ဓလေ့ထုံးတမ်း ၊ လူမှုအသိုင်း အဝိုင်းတွေနဲ့သဟဇာတဖြစ်‌အောင်နေထိုင်နိုင်ရေးဟာ အရေးကြီးတာကြောင့် ဒါတွေကိုအတတ်နိုင်ဆုံး လိုက်တာကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံကို ယာယီထွက်ပြေးတိမ်းရှောင်လာရတဲ့ မြန်မာနိုင်ငံသားများကိုယ်စားထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်၊ ထိုင်းပြည်သူလူထုအား အထူးကျေးဇူးတင်လျက်ရှိတယ်လို့ဆိုပါတယ်။

ဓါတ်ပုံ – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး