မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက်ကို ကူးလာတဲ့ မူးယစ်မှောင်ခိုအဖွဲ့ထံကနေ မူးယစ်ဆေးပြား ၆ သန်းခန့် သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ မယ်ဆိုင်သတင်းမှာ ဇွန်၂၃ ရက်ဖော်ပြချက်အရ သိရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်ဟာ ချင်းလောဝ်းမြို့နယ်၊ မိုင်းနအုပ်စု၊ အာရုနိုး ထိုင်းကျေးရွာအနီးမှာ မြန်မာဘက်က ကူးလာတဲ့ အင်အား ၃၅ ဦးခန့်ပါ မူးယစ်မှောင် ခိုအဖွဲ့ကို တွေ့ရှိပြီး စစ်ဆေးဖို့လုပ်ဆောင်စဉ်မှာ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်မှောင်ခိုအဖွဲ့က ထွက်ပြေးတိမ်း ရှောင်သွားတယ်လို့ဆိုပါတယ်။
အဲဒီလို ထွက်ပြေးရာမှာ ၎င်းတို့မှာပါလာတဲ့ ကျောပိုးအိတ်တွေကို ပစ်ချပြီးထွက်ပြေးခဲ့တာကြောင့် ထိုင်း စစ်တပ်က သိမ်းဆည်းရမိတဲ့ ကျောပိုးအိတ် အလုံး ၃၀ ကို စစ်ဆေးခဲ့ရာမှတစ်အိတ်ကို မူးယစ်ဆေးပြား ၂ သိန်းခန့်စီပါတဲ့စုစုပေါင်း ဆေးပြား ၆သန်းခန့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Crd


