ထိုင်းနိုင်ငံ၊ ဖုဖရာ့မြို့နယ်မှာ ကို မြန်မာဘက်ခြမ်းကနေတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄၄ ဦးကို ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
မေလ ၂၀ ရက်မနက်ပိုင်းက နယ်စပ်မှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေဟာ တာ့ခ်ခရိုင်၊ ဖုဖရာ့မြို့နယ် ကျေးရွာအမှတ် ၇ ဘက်မှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၄၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
တရားမဝင်ဝင်ရောက်လာတဲ့ အထဲမှာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ ကလေး ၈ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ထိုင်းပွဲစားကို တဦးစီအတွက် ဘတ်ငွေ ၂၀၀၀၀ (ကျပ် ၂၆ သိန်းခန့်၊ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။