Homeပြည်တွင်းသတင်းအာဆီယံ အနေနဲ့ စစ်ကောင်စီထံ လက်ရှိချဥ်းကပ်မှုတွေကို စွန့်လွှတ်ပြီး ချက်ချင်းအရေးယူဖို့ Fortify Rights တိုက်တွန်း

အာဆီယံ အနေနဲ့ စစ်ကောင်စီထံ လက်ရှိချဥ်းကပ်မှုတွေကို စွန့်လွှတ်ပြီး ချက်ချင်းအရေးယူဖို့ Fortify Rights တိုက်တွန်း

၁၅ မေ၊ ၂၀၂၅

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ချင်ယောင်ဆောာင် လစ်လျူရှုတဲ့ လက်ရှိချဥ်းကပ်မှုတွေကို စွန့်လွှတ်သင့်ပြီီး ဒီလို စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ လက်တွေ့ကျကျ အကောင်အထည်ဖော် အရေးယူဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် စာသင်ကျောင်းတွေ အပါအဝင် လူအစုလိုက်အပြုံလိုက်သေကြေပျက်စီးနေရတာ​ကြောင့် အာဆီယံဥက္ကဌ ဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီိထံ လေယာဥ်ဆီတင်သွင်းမှုကို ပိတ်ဆို့အရေးယူဖို့ အရေးအပေါ် အစီအမံတွေ စတင်လုပ်ဆောင်သင့်တယ်လို့လည်း မေလ ၁၄ ရက်က ထုတ်ပြန်ပါတယ်။

နောက်ဆုံး ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း စာသင်ကျောင်းကို လေလေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ် ၂၂ ယောက်နဲ့ ဆရာ မ ၂ ယောက် သေဆုံးမှုအတွက် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက နှိုင်းယှဉ်ပြစရာမရှိလောက်အောင်ဖြစ်တယ်လို့ Fortify Rights က စိုင်းအာကာက ပြောပါတယ်။

“မြန်မာစစ်ကောင်စီက ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်သတ်ဖြတ်နေချိန်မှာ အာဆီယံက အရေးယူဖို့ ပျက်ကွက်နေတာက “အာရှနိုင်ငံတွေရဲ့ ထုံးစံ’ ဆိုတဲ့အကြောင်းအရာနဲ့ တစ်စုံတစ်ရာ မသက်ဆိုင်ပါဘူး။ ပြင်းထန်တဲ့ စာအရေးအသား မှတ်ချက်တွေပါတဲ့ ထုတ်ပြန်ချက်တွေကလဲ စစ်ကောင်စီကို .. ဘယ်တော့မှ ရပ်တန့်စေနိုင်မှာ မဟုတ်ပါဘူး။ အာဆီယံက ခုချက်ချင်းကို အရေးယူဆောင်ရွက်ရမှာဖြစ်တယ်။” သူက ဆက်ပြောပါတယ်။

အခုလနှောင်းပိုင်းမှာ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး ကျင်းပဖို့ အာဆီယံခေါင်းဆောင်တွေ ပြင်ဆင်နေချိန်မှာ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံရှိ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ အရေးပေါ်အစီအမံတွေ အဆိုပြုသင့်တယ်လို့ Fortify Rights ဆိုပါတယ်။

အဲ့ဒီ အရေးပေါ်အစီအမံတွေမှာ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီ၊ လက်နက်နဲ့ နိုင်ငံရေး ဆိုင်ရာ အထောက်အပံ့ အသိအမှတ်ပြုမှုတို့ ရရှိခြင်းက တားဆီးဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်သင့်တယ်လို့ ပြောပါတယ်။

ဆက်စပ် သတင်းများ

Most read