မန္တလေးတိုင်း၊ မန္တလေးမြို့အရှေ့တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ သုံးတောင်ရွာမကျေးရွာအနီး မြေအောက်အနက် ၁၆ ကီလိုမီတာကိုဗဟိုပြုပြီ ရစ်ခ်တာစကေး ၄.၀ အဆင့်အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီကနေ့ ၊ မြန်မာစံတော်ချိန် ည ၇နာရီ၄ မိနစ်အချိန်ခန့်မှာ လှုပ်ခက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေးသတိပြုနေထိုင်ကြဖို့နဲ့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၄ နာရီအတွင်း မိုးရွာမှာမို့မြေပြိုတာတွေကိုလည်း ဂရုစိုက်နေထိုင်ကြဖို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ဘက်နဲ့ အနောက်တောင်ဘက်ကနေ ရွေ့လျားလာတဲ့လေပွေလှိုင်းတွေကြောင့် ဧပြီ ၃၀ရက် ဒီနေ့ကစပြီး လာမယ့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။