Homeပြည်တွင်းသတင်းပြည်ပထွက် အလုပ် လုပ်ကိုင်သူများတာကြောင့် ပြည်တွင်းမှာအလုပ်သမားရှားပါးမှုတွေဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်ဆို

ပြည်ပထွက် အလုပ် လုပ်ကိုင်သူများတာကြောင့် ပြည်တွင်းမှာအလုပ်သမားရှားပါးမှုတွေဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်ဆို

မေ၊၂၀၂၅

ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်တာတွေများလာတာကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှုတွေ ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမား‌နေ့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။

ပြည်ပကို သွားရောက်လုပ်ကိုင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှုတွေဖြစ်ပေါ်လျက်ရှိကြောင်း ပြည်ပကိုသွားရောက် အလုပ်လုပ်ကိုင်ခြင်းထက် ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာလုပ်ကိုင်နိုင်ရေး ဆောင်ရွက်ဖို့လို တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် တိုင်းဒေသကြီး နဲ့ ပြည်နယ်တချို့မှာ Job Fair တွေကျင်းပကာ One Stop Service နဲ့ အလုပ်ခန့် နိုင်ရေး အလုပ်ရှင်တွေနဲ့ ပူးပေါင်း စီစဉ်ပေးတာ ထိရောက်တဲ့အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်ရေး အတွက် Labor Exchange Management System ရေးဆွဲကာ Websiteမှာ လွှင့်တင်ပေးထားတယ်လို့လည်း မင်းအောင်လှိုင်က ကပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင်က အခုလို ပြောနေပေမဲ့ တဖက်မှာတော့ စစ်မှုထမ်းဥပဒေအသက်သွင်းပြီးတဲ့နောက်ပိုင်း လူငယ်တွေ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အသန့်အသတ်တွေ ပြုလုပ်ထားသလို နိုင်ငံထဲက လူငယ်တွေဟာလည်း အိမ်နီးချင်းနိုင်ငံတွေအပြင် ပြည်ပကို တရားဝင်ရော၊ တရားမဝင်နည်းလမ်းတွေနဲ့ ထွက်ခွာနေကြ တာဖြစ်ပါတယ်။

စစ်ကောင်စီက ၂၀၂၅ခုနှစ် ဧပြီကစလို့ အိမ်နီးချင်းထိုင်းအပါအဝင် ဂျပန်၊ ကိုရီးယား၊ စတဲ့နိုင်ငံတွေကို MOU စနစ်နဲ့ ပြည်ပနိုင်ငံတွေဆီ အလုပ်သမားစေလွှတ်ပေးနေတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို လုပ်သားလျှော့ပို့ဖို့ လအလိုက် လုပ်သားစေလွှတ်တဲ့အရေအတွက်တွေ ကန့်သတ်ထားပါတယ်။

ဓာတ်ပုံ – Social media

Related News

Most Read