Homeပြည်တွင်းသတင်းငလျင်လှုတ်ခတ်ပြီးနောက် သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေး အကူအညီလိုအပ်သူ ၄.၃ သန်းအထိရှိလာ

ငလျင်လှုတ်ခတ်ပြီးနောက် သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေး အကူအညီလိုအပ်သူ ၄.၃ သန်းအထိရှိလာ

၁၉ ဧပြီ၊ ၂၀၂၅

စစ်ကိုင်းကို ဗဟိုပြုတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံက လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်လာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က သိရပါတယ်။

ဒါဟာ ဘေးအန္တရာယ်မကျရောက်ခင်က ၁ ဒသမ ၁ သန်း ကနေ မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ရေပေးရေးစနစ်တွေပျက်စီးကုန်ပြီး၊ အိမ်သာအလုံးရေ ၄၂,၀၀၀ ကျော် ပြိုကျခဲ့တဲ့အပြင် လျှပ်စစ်မီးမမှန်တာကြောင့် ရေတင်ဖို့လည်းအခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

မန္တလေးဒေသခံ တဦးကတော့ “ရေချိုးတာက မြစ်ထဲ ချိုးကြတာရှိတယ်။ မီမလာတော့ ရေတင်လို့ မရဘူး။ ရေသောက်ဖို့ သောက်ရေ လိုအပ်ချက်ကတော့ များတယ်။”လို့ New Day Myanmar ကိုပြောပါတယ်။

လက်ရှိမှာတော့ ရေနဲ့ သန်းရှင်းရေးအကူအညီတွေ လိုအပ်ချက်အခြေအနေတွေပိုဆိုးမလာခင် ငလျင်ဘေးဒဏ်ခံရတဲ့ ထိခိုက်လွယ်သူ ၁ သန်းကို ဘေးကင်းတဲ့ရေ၊ အရေးပေါ်အိမ်သာနဲ့ တကိုယ်ရေသန့်ရှင်းရေးအကူအညီတွေပေးသွားဖို့ လူသားချင်းစာနာတဲ့မိတ်ဖက်အဖွဲ့အစည်းတွေက ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်း ငလျင်ကြောင့် ဧပြီလ ၁၈ ရက် မနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိပါတယ်။

ဆက်စပ် သတင်းများ

Most read