၂၀ ဇန်နဝါရီ၊ ၂၀၂၅
အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ မလေးရှားက ဒီတခေါက်ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံဆွေးနွေးမှုမှာ စစ်ကောင်စီရဲ့ လက်အောက်က နိုင်ငံခြားရေးဝန်ကြီးတွေဆက်ပြီး ပေးမတက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဇန်နဝါရီလ ၂၀ ရက်က ထုတ်ဖော်ပြောဆိုပါတယ်။
အာဆီယံဟာ စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာ့အရေးဆွေးနွေးတဲ့အချက်တွေကို မလိုက်နာတဲ့အတွက် နိုင်ငံရေးနဲ့မပတ်သတ်တဲ့ကိုယ်စားလှယ်လူတွေကိုပဲ တက်ရောက်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ထက် အပစ်အခတ်ရပ်စဲပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ စတင်နိုင်ဖို့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တိုက်တွန်းခဲ့ကြပါတယ်။