Homeပြည်တွင်းသတင်းတိုင်ကြားချက်အရ ဆောက်လုပ်ရေးဆိုက်ကို စီးနင်းရှာဖွေပြီး မြန်မာလူမျိုး ၁၀၀ ဝန်းကျင်ကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

တိုင်ကြားချက်အရ ဆောက်လုပ်ရေးဆိုက်ကို စီးနင်းရှာဖွေပြီး မြန်မာလူမျိုး ၁၀၀ ဝန်းကျင်ကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

၉ ဒီဇင်ဘာ၊ ၂၀၂၄

အယုဒ္ဓယခရိုင်၊ ဖရာ့နခွန်နယ်မြေ၊ နွန်နမ်ဆွမ်က ဆောက်လုပ်ရေးအလုပ်သမားစခန်းကို တရားမဝင်နိုင်ငံခြားအလုပ်သမားတွေရောက်ရှိနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်အရ ဒေသခံ ရဲတွေ ဝင်ရောက်စီးနင်းရှာဖွေပြီး မြန်မာလူမျိုး ၁၀၀ ဝန်းကျင် ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၈ ရက်က အုထိုင်းခရိုင်၊ နွမ်နမ်ဆွမ်က ဆောက်လုပ်ရေးဆိုက်ထဲကို ထိုင်းရဲတပ်ဖွဲ့နဲ့ ဒေသခံ အဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းရှာဖွေရာ မြန်မာလူမျိုး ၁၀၀ ဝန်းကျင်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ ဒီထဲက အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၁ ဦးဟာ အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။ သူတို့အားလုံးကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးထားပြီး ဥပဒေအရ ဆက်လက်အရေးယူမယ်လို့ ဆိုပါတယ်။

လပ်ကီးလို့ သူ့နာမည်ကိုဖော်ပြထားတဲ့ အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသားရဲ့ပြောဆိုမှုအရ မယ်ဟောင်ဆောင်ကတဆင့် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့အလုပ်သမားတွေဟာ တစ်ယောက်ကို ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ ပွဲစားခ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ဟာ တစ်နေ့ကို ဘတ် ၅၀၀ ရပြီး အထောက်အထားစုံလင်ကျွမ်းကျင်သူတွေက တစ်နေ့ကို ဘတ် ၆၀၀ ရတယ်လို့ပြောဆိုပါတယ်။ မြန်မာမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ရှာနေရတာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံက တိုက်ပွဲတွေက ကျွန်တော်တို့ကို ပြည်ပက အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ပြီး ရပ်တည်ဖို့ တွန်းအားပေးနေတာပါ” လို့ သူက ပြောဆိုပါတယ်။ ဒီစီးနင်းမှုက ထိုင်းနိုင်ငံဟာ တရားမဝင် ဝင်ရောက်နေတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကိုမီးမောင်းထိုးပြထားတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားဖော်ပြနေပါတယ်။

ပုံစာ – ဖမ်းဆီးရမိတဲ့မြန်မာလူမျိုးများ

Photo – Khaosod

ဆက်စပ် သတင်းများ

Most read