Homeပြည်တွင်းသတင်းရေကြီးမှုပြီးနောက် ကျန်ရှိနေခဲ့သည့် နုံးမြေများမှာ မိုင်းဆတ်မြို့ ရှိ ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့်ဟု ထိုင်းအစိုးရဆို

ရေကြီးမှုပြီးနောက် ကျန်ရှိနေခဲ့သည့် နုံးမြေများမှာ မိုင်းဆတ်မြို့ ရှိ ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့်ဟု ထိုင်းအစိုးရဆို

၂၇ နိုဝင်ဘာ၊၂၀၂၄

ထိုင်းအစိုးရရဲ့ လေ့လာမှုတွေအရ ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုအတွင်း မကြုံစဖူး နုံးမြေတွေတင်ကျန်မှုဟာ မြန်မာပြည် ရှမ်းပြည်နယ်အရှေ့ပိုင်းက ရွှေတူးဖော်မှုတွေကြောင့်ဖြစ်တယ်လို့ ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်ဌာနက ဖော်ပြနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါ လေ့လာမှုအရ မယ်ဆိုင်မြို့မြောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက် ရေကြီးရေလျှံမှုအတွင်း မကြုံစဖူးနုံး မြေ များ တင်ကျန်မှုနဲ့ မြေပြိုမှုများဖြစ်ပေါ်ခဲ့ခြင်းမှာ မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိအကြီးစား ရွှေတူးဖော်ထုတ်လုပ်မှု တွေ ကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ယခုနှစ်အတွင်းထိုင်းအစိုးရရဲ့ လေ့လာမှုများအရ မယ်ဆိုင်မြစ်ရဲ့ ရေကြောင်းတစ်လျှောက် မျောပါလာတဲ့ နုံးမြေတွေကြောင့် အာဆင်းနစ်၊ နီကယ်လ်နဲ့ ဇင့် ပါဝင်မှု အများဆုံးဖြစ်ပြီး ဇင့်ပါဝင်မှုမှာသတ်မှတ် ထားတဲ့ပမာ ဏ ထပ် ၁၈ ဆပိုများနေတယ်လို့ ဆိုပါတယ်။

ဂြိုလ်တုမြေပုံတွေကို လေ့လာမှုအရလည်း မြို့အတွင်းရှိတင်ကျန်နေတဲ့နုံးတင်ကတန်မှုကို အဓိကဖြစ်ပေါ်စေ တဲ့အကြောင်းမှာ မိုင်းဆတ်မြို့အရှေ့ပိုင်း မယ်ဆိုင် မြစ်တစ်လျှောက် (မယ်ဆိုင်အထက်ပိုင်း) ရှိ ရွှေတူးဖော်ထုတ် လုပ်မှုတွေ ကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ယခင်နှစ်တွေက မယ်ဆိုင်မြို့နဲ့ တာချီလိတ်မြို့တွေမှာ ရေကြီးရေလျှံမှုတွေမကြာခဏ ဖြစ်ပေါ်ခဲ့ပေမယ့် နုံးပါ ဝင်မှုမများခဲ့ဘဲ ယခုတစ်ကြိမ် ရေကြီးမှုမှာ နုံးပါဝင်မှု အများဆုံးဖြစ်ခဲ့ပြီး ပြန်လည်ဖယ်ရှားဖို့ အခက်ခဲဆုံးနဲ့ ကုန် ကျ စားရိတ် အများဆုံးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

မယ်ဆိုင်မြစ်ဟာ ရှမ်းပြည်နယ်အရှေ့ဘက်ရှိမဲခေါင်မြစ်လက်တက်တွေအနက်မှ မြစ်စတစ်ခုဖြစ်ပြီး ၂၀၂၄ ယခုနှစ်တွေအတွင်း သတ္တုတူးဖော်မှုတွေရဲ့ အကျိုးဆက်ကို ခံခဲ့ရတဲ့ မြစ်တစ်စင်းဖြစ်ပြီး အခြားသော မြစ် တွေဖြစ်တဲ့ နမ့်ခုတ် မြစ်မှာလည်းကျောက်မီးသွေးနဲ့ ရွှေထုတ်လုပ်မှုတွေကြောင့် လည်းကောင်း၊ နမ့်ခုတ်မြစ် သည်လည်း မန်ဂန်းနိစ့် ထုတ်လုပ်မှုတွေကြောင့်လည်းကောင်း၊ နမ့်လင်းမြစ်သည်လည်း ရွှေထုတ်လုပ်မှု များကြောင့် လည်းကောင်း ထိခိုက်ပျက်စီးမှုတွေရှိနေပြီဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) အသိပေးထုတ်ပြန်ထားပါတယ်။

Photo – ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)

ဆက်စပ် သတင်းများ

Most read