Homeပြည်တွင်းသတင်းမြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန် က ဒေါ်လာ ၃သန်း ထပ်မံကူညီ

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန် က ဒေါ်လာ ၃သန်း ထပ်မံကူညီ

၂၆ အောက်တိုဘာ၊၂၀၂၄

မြန်မာနိုင်ငံအတွင်းမှ တိုင်ဖွန်းယာဂိရေဘေးသင့်ပြည်သူတွေကိုကူညီဖို့ အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုး ရေးအေဂျင်စီ USAID က ရန်ပုံငွေ ဒေါ်လာ ၃သန်း ပေးအပ်သွားမယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်အသိပေးထားပါတယ်။

၄င်းမှာ (ရေဘေးသင့်ပြည်သူများ၏) လိုအပ်ချက်တွေကို လေ့လာဖို့၊ USAIDရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်တဲ့ မိတ်ဖက်တွေနဲ့ တွေ့ဆုံဖို့နဲ့ ကပ်ဘေးတုံ့ပြန်ရေးအတွက် အခြားနည်း လမ်းတွေရှာ ဖွေဖို့အတွက် USAID ရဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာလဆန်းပိုင်းအတွင်း မြန်မာနိုင်ငံတွင်းရှိ ရေဘေးသင့်ဒေသတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ရဲ့ ရလဒ်တစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါငွေမှာ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အခြားအကူအညီတွေ ကို ဖြန့်ဖြူးခြင်းနဲ့ ပျက်စီးဆုံးရှုံး မှုတွေအတွက် တုံ့ပြန်ဆောင်ရွက်မှုတွေဆက်လက်ပြုလုပ်နေတဲ့ USAID ရဲ့ မိတ်ဖက်တွေအတွက် ဖြည့်စွက် ကူညီခြင်းတို့အပါအဝင် လူသားချင်းစာနာမှုအကူအညီ ပေးအပ်တဲ့မိတ်ဖက်အဖွဲ့အစည်းတွေက ဘေးဒဏ်သင့်အသိုက်အဝန်းတွေအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းရာမှာ ချောမွေ့အဆင်ပြေစေဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ ထပ်တိုးရန်ပုံငွေမှာ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်မှုတွေကို ဖြေရှင်းဖို့ အမေရိကန်အစိုးရက ထပ်မံပေးအပ်ထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၄၇ သန်းကျော်အပြင် ထပ်မံပေးအပ်ခဲ့ တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေါ်လာ ၁၇ သန်းကျော်မှာ USAID ရဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဗျူရိုမှဖြစ်ပြီး ဒေါ်လာ ၂၇သန်းနီးပါးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူဦးရေ၊ ဒုက္ခသည်နှင့်ရွှေ့ပြောင်းသွားလာမှုဗျူရိုမှ ဖြစ်တယ်လို့လည်း ထုတ်ပြန်အသိးပေးထားပါတယ်။

Photo – U.S. Embassy Rangoo

ဆက်စပ် သတင်းများ

Most read