Homeပြည်တွင်းသတင်းပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၇၉ ဦးအထိ ရှိပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၆၃၇ မှုထိ ရှိနေကြောင်း NUG...

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၇၉ ဦးအထိ ရှိပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၆၃၇ မှုထိ ရှိနေကြောင်း NUG ထုတ်ပြန်

၁၆ အောက်တိုဘာ၊ ၂၀၂၄ ၂၀၂၄

ခုနှစ် စက်တင်ဘာလအတွင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၇၉ ဦးအထိ ရှိပြီး လူ့အခွင့်အရေးချိုး ဖောက်မှု ၆၃၇ မှုအထိ ရှိနေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးရတဲ့ လူနေအိမ် ၃၃၇ လုံး၊ စာသင်ကျောင်း ၁၀ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂၃ လုံး၊ ကျန်းမာရေးအဆောက်အအုံ ၁ လုံး၊ သေဆုံးသူ ၂၃၃ ဦး နဲ့ ထိခိုက်ဒဏာ်ရာရရှိသူ ၄၄၇ ဦး ရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ ရှမ်းပြည်နယ်မှာ ၃၇ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၂၈ ကြိမ်၊ တခြားဒေသတွေမှာ ၁၅၃ ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလတစ်လ အတွင်း ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်တွေ စုစုပေါင်း ၆၃၇ ကြိမ် ရှိပြီး စစ်ကိုင်း တိုင်း မှာ ၁၀၁ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၇၈ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၆၁ ကြိမ် ရှိပါတယ်။

ကျန်ဒေသတွေမှာ ၃၉၇မှု ရှိပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ တရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့ အမှုပေါင်း ၁၁၇ မှု ရှိပါတယ်။

နေအိမ်နဲ့ အရပ်သားပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမှုက ၁၀၀ မှုနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှု ၁၂၂ မှုအပါအဝင် ၆၃၇ မှုအထိ ရှိတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ပုံစာ – NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းဇယားများ

Photo – Screengrab From MOHR

ဆက်စပ် သတင်းများ

Most read