Homeပြည်တွင်းသတင်းသီပေါမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၃၃ ဦး သေဆုံးတယ်လို့ TNLA ဆို

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၃၃ ဦး သေဆုံးတယ်လို့ TNLA ဆို

၁၆ အောက်ဆိုဘာ၊၂၀၂၄

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ၈၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အောက်တိုဘာလ ၁၅ ရက်န့က ထုတ်ပြန်ထားပါတယ်။

နှစ်လကျော်အကြာဖြစ်ပွားခဲ့တဲ့ သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ Jet Fighter နဲ့ ၁၀၅ ကြိမ်၊ Y12 နဲ့ ၁၆၇ ကြိမ် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ အကြိမ် နှစ်ထောင်နီးပါး (၁,၈၉၃) ပစ်ခတ်ခဲ့ တာကြောင့် စာသင်ကျောင်း နှစ်ကျောင်းနဲ့ လူနေအိမ် ၄၇ လုံး လေယာဉ်ဗုံးစ ထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း သီပေါမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို ဇူလိုင်လ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး န အောက်တိုဘာ ၁၃ ရက်နေ့မှာ ခမရ (၅၀၃)၊ ခမရ (၅၀၄)နဲ့ ခလရ (၂၃) တပ်စခန်း၊ ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးတွေကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရဲ့ အဓမ္မ စုဆောင်းမှုကြောင့် စစ်မှုထမ်းနေရတဲ့ ရဲမေ ၇၈ ဦးကို ဖမ်းဆီးခဲ့ပြီး တပ်မိသားစုဝင် နှစ်ရာနီးပါးနဲ့အတူပြန် လွှတ်ပေးခဲ့တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ပုံစာ – ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း သီပေါမြို့သိမ်းတိုက်ပွဲအတွင်းမှ TNLA တပ်ဖွဲ့ဝင်များ

Photo – PSLF/TNLA

Related News

Most Read