Homeပြည်တွင်းသတင်းTNLA ထိန်းချုပ်ထားတဲ့ နေရာ ၃ နေရာကို တရက်တည်းမှာဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်၊ သံဃာတပါးအပါ ၇ ဦးသေဆုံး

TNLA ထိန်းချုပ်ထားတဲ့ နေရာ ၃ နေရာကို တရက်တည်းမှာဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်၊ သံဃာတပါးအပါ ၇ ဦးသေဆုံး

၁၉ အောက်တိုဘာ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်း ချုပ်ထားတဲ့နေရာ ၃ နေရာကို မနေ့က အောက်တိုဘာ ၁၈ ရက်နေ့ တရက်တည်းမှာဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတပါးအပါ ၇ ဦးသေ ဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေ ရာ ၃နေရာဟာကျောက်မဲ-မိုင်းငေါ့လမ်းမပေါ်က ၁၁မိုင် ရွာဘုန်းကြီးကျောင်း၊ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ရွာနဲ့ ကျောက်မဲမြို့နယ်၊ လွယ်စုရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ကျောက်မဲ-မိုင်းငေါ့ကြားက ၁၁ မိုင်ဘုန်းကြီးကျောင်းက သံဃာ ၁ပါး ကွယ်လွန်ခဲ့သလို နမ့်ဆန်မြို့နယ် ကွမ်ဟယ်ရွာမှာတော့ အမျိုး သမီး ၅ ယောက်၊ အမျိုးသား ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၇ ယောက် ဒဏ်ရာရပြီးတော့ နေအိမ် ၁၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ထပ်နောက်ပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ နမ့်ခုံးအုပ်စု၊ လွယ်စုရွာမှာလည်း အမျိုးသမီးတဦးထိမှန်ခဲ့တာဘဲဖြစ်ပါတယ်။

Ta’ang Women’s Organization ရဲ့ထုတ်ပြန်ချက်အရ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာ တရွာထဲမှာဘဲ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီ ၃၆ မိနစ်အချိန်ခန့်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် ရွာခံ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်းဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးတယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-Ta’ang Women’s Organization

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး