Homeနိုင်ငံတကာသတင်းထိုင်း လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေမူကြမ်းအတွက်အနှစ်၂၀အတွင်း ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ သဘောတူညီကြ

ထိုင်း လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေမူကြမ်းအတွက်အနှစ်၂၀အတွင်း ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ သဘောတူညီကြ

၃၀ စက်တင်ဘာ၊ ၂၀၂၄

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သတ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ခုမှာ လွန်ခဲ့တဲ့ အနှစ် ၂၀အတွင်း နိုင်ငံရေး အုံကြွမှုတွေအတွက် စွဲချက်တင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အဖွဲ့ပေါင်းစုံက သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရာဇဝတ်ပုဒ်မ ၁၁၂ နဲ့တရားစွဲဆိုခံထားရသူတွေကတော့ ချန်လှပ်ထားခဲ့မှာ ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ပြုစုဖို့အတွက် ဖွဲ့စည်းထားတဲ့ ထိုင်းနိုင်ငံအောက်လွှတ်တော် အထူးကော် မတီက ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုကနေ အခုချိန်ထိ ဖမ်းဆီးထားတဲ့ နိုင်ငံရေးပြစ်မှုကျူးလွန်ခဲ့သူတွေကို လွှတ်ပေးနိုင်ဖို့အတွက် “Does Hope Remain? Amnesty for the People?” အမည်နဲ့ နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဦးဆောင်ဟောပြောသူတွေထဲ ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီခေါင်းဆောင် Chaithawat Tulaton၊ ချူလာလောင်ကွန်တက္ကသိုလ်က ဥပဒေပါမောက္ခ Khemthong Tonsakul၊ နိုင်ငံရေး ဝေဖန်ရေးသမား Chuwat Rerksirisukနဲ့ တက်ကြွလှုပ်ရှားသူ Natchanon Phairoj တို့ ပါဝင်ပါတယ်။

Natchanon ကလွဲရင် အားလုံးဟာ အထူးလွှတ်တော်ကော်မတီဝင်တွေ ဖြစ်ပါတယ်။ ဒီကော်မတီဟာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပုဒ်မ ၁၁၂ ကို ချန်လှပ်ထားတာ၊ ပုဒ်မ ၁၁၂ ပါဝင်ထည့်သွင်းတာ ၊ ပုဒ်မ ၁၁၂ ပါင်ပေမဲ့ တခြားအခြေအနေတွေ ထည့်သွင်းဆုံးဖြတ်တာစတဲ့ ရွေးခြယ်စရာ ၃ခုကို လေ့လာခဲ့ပါတယ်။

ဒီလေ့လာမှုတွေက မကြာခင် ပြန်ပြီး စတင်တော့မဲ့ ထိုင်းလွှတ်တော်အစည်းအဝေးတွေအတွက် ထည့်သွင်းစဉ်း စားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ရာဇဝတ်ဥပဒေ ၁၁၂ ဟာ ဘုရင်၊ မိဖုရား၊ နန်းမွေခံ၊ ဘုရင်ခံတို့ကို အသရေဖျက်စော်ကားရင် ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး ဘယ်သူမဆို တခြားသူတစ်ဦးဦးကို အမှုဖွင့် တိုင်ကြားခွင့်ရှိတဲ့ ဥပဒေဖြစ်ပါတယ်။

ပုံစာ – လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဆွေးနွေးပွဲစကားဝိုင်းကျင်းပစဉ်

Photo – Freedom Bridge

ဆက်စပ် သတင်းများ

Most read