Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် တင်းကြပ်စွာကိုင်တွယ်ပေမဲ့ ထိုင်းကွန်ဒိုလွှဲပြောင်းရောင်းချမှုက မနှစ်ကထက် ၂ဆမြင့်တက်

စစ်ခေါင်းဆောင် တင်းကြပ်စွာကိုင်တွယ်ပေမဲ့ ထိုင်းကွန်ဒိုလွှဲပြောင်းရောင်းချမှုက မနှစ်ကထက် ၂ဆမြင့်တက်

၂၄ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူနေမှုကို စစ်ကောင်စီက တင်းကြပ်စွာ ကိုင်တွယ်နေလို့ ရောင်းအား ကျမယ်ထင်ခဲ့ပေမဲ့ အခုနှစ် ပထမနှစ်ဝက် ကွန်ဒိုလွှဲပြောင်းမှုစံချိန်ဟာ မနှစ်ကထက် နှစ်ဆလောက် မြင့်တက် သွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနကဖော်ပြပါတယ်။

၂၀၂၄ခုနှစ် ပထမနှစ်ဝက်မှာ မြန်မာနိုင်ငံက ဝယ်ယူသူတွေကို ကွန်ဒိုလွှဲပြောင်းပေးမှုဟာ ၂၀၂၃ တစ်နှစ်လုံးအရေ အတွက်စုစုပေါင်းကို ကျော်လွန်တယ်လို့ ဆိုပါတယ်။

အခုနှစ် ပထမနှစ်ဝက်မှာ ထိုင်းဘတ်ငွေ ၃.၂၄ ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒိုအခန်း ၆၃၈ခန်း ကို မြန်မာ နိုင်ငံသားတွေဆီကို လွှဲပြောင်းပေးခဲ့တယ်လို့ အိမ်ခြံမြေသတင်းအချက်အလတ်ဌာန (REIC)က ထုတ်ပြန်ပါတယ်။ မနှစ်က ၃.၇ ဘီလီယံတန်ဖိုးရှိတဲ့ ၅၆၄ ခန်းသာ လွှဲပြောင်းရောင်းချနိုင်တာကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဘတ် ၂.၅၅ ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒို ၃၄၉ ခန်းကို ရောင်းချထားပြီး ၂၀၂၁ အာဏာသိမ်းပြီး ကာစက ဘတ် ၂၇၄သန်း တန်ဖိုးရှိတဲ့ ကွန်ဒို အခန်း ၃၀ ကိုသာ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုမှာ ၂၀၂၂ ခုနှစ်မှာ နံပတ် ၆ နေရာ ၊ ၂၀၂၃ ခုနှစ်မှာ နံပတ် ၄ နေရာရှိပြီး ၂၀၂၄ ခုနှစ်မှာ နံပတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ကြေညာလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားတွေဟာ အတင်းအကြပ်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမှာ ကြောက်တဲ့အတွက် ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေ ထိုင်နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက မြန်မာနိုင်ငံသားတွေရဲ့ ဝယ်ယူမှုဟာ အခုနှစ် ဧပြီလမှာ စစ်ကောင်စီရဲ့ တင်းကြပ်ပိတ်ပင်မှုကြောင့် ဒုတိယ သုံးလတာအတွင်း ဘတ် ၁ လီလီယံတန်ဖိုး ကွန်ဒိုယူနစ် ၂၄၆ ခန်း သာ ရောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပထမ သုံးလတာမှာ ဘတ် ၂.၂ဘီလီယံကျော်နဲ့ ကွန်ဒိုယူနစ် ၃၉၂ ခန်း ရောင်းချနိုင်မှုနဲ့ ယှဉ်ရင် နည်းနေပေမဲ့ နှစ်ဝက်ရောင်းအားဟာ မနှစ်ကထက် သာလွန်နေတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ ဝယ်ယူထားတဲ့အခန်းတွေကို မြန်မာနိုင်ငံသားတွေ ပြောင်းရွှေ့နေထိုင်တဲ့အရေ အတွက်ဟာ တရုတ်နိုင်ငံသားပြီးရင် ဒုတိယလိုက်နေတဲ့ ရုရှားနိုင်ငံသားတွေရဲ့အရေအတွက်ထက် ပိုပြီး များ ပြားတယ်လို့ REIC က ဖော်ပြပါတယ်။

ပုံစာ – ထိုင်းနိုင်ငံ ကွန်ဒိုအရောင်းပြပွဲတစ်ခု

Photo – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read