Homeပြည်တွင်းသတင်းရိုဟင်ဂျာလူမျိုးတွေဟာ စစ်ကောင်စီနဲ့ AA တို့အကြား ကြားညပ်နေကြောင်း Amnesty International အဖွဲ့ ထုတ်ပြန်

ရိုဟင်ဂျာလူမျိုးတွေဟာ စစ်ကောင်စီနဲ့ AA တို့အကြား ကြားညပ်နေကြောင်း Amnesty International အဖွဲ့ ထုတ်ပြန်

၂၂ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေကို တိုက်ခိုက်နေတာဟာ ၂၀၁၇ ခုနှစ်တုန်းက အစုလိုက်အပြုံလိုက် တိုက်ခိုက်အကြမ်းဖက်မှုနဲ့ ဆင်တူနေတယ်လို့ Amnesty International က မြန်မာ့အရေးလေ့လာနေသူ Joe Freeman က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်က Amnesty International ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်မှာ အခုလိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

” ရခိုင်ပြည်နယ်မှာသာမက နိုင်ငံတဝန်းမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာ၊ သန်းနဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်နေကြတဲ့ အရပ်သားတွေကို တရားမ၀င်တိုက်ခိုက်တာတွေကို မြန်မာစစ်တပ်ကချက်ချင်းရပ်ပစ်ရမယ်။ ဒါ့အပြင် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့ ရက္ခိုင့်တပ်မတော်ကို နိုင်ငံတကာက ပိုမိုဖိအားပေးရပါမယ်။ မြန်မာစစ်တပ်က ဒါမှမဟုတ် နိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှု စွပ်စွဲချက်အားလုံးကိုလည်း ထိထိရောက်ရောက် စုံစမ်းစစ်ဆေးသင့်တယ်” လို့ Amnesty International ကမြန်မာ့အရေးလေ့လာနေသူ Joe Freeman က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့က နတ်မြစ်ကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတဲ့ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို လက်နက်ကြီး ၊ ဒရုန်းသုံးပြီး တိုက်ခိုက်ခံရမှုကြောင့် ၂၀၀ ဦးအထိ သေဆုံးခဲ့ပါတယ်။

အခုလိုရိုဟင်ဂျာလူမျိုးတွေသေဆုံးမှုအတွက် AA မှာ တာဝန်ရှိကြောင်း ရိုဟင်ဂျာအဖွဲ့အစည်းများနဲ့ SAC-M တို့က ပြောဆိုထားသလို AA ဘက်ကလည်း ပြန်လည်ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ- Amnesty International

ဆက်စပ် သတင်းများ

Most read