Homeပြည်တွင်းသတင်းစစ်ရှောင် ရိုဟင်ဂျာ ဒုက္ခသည် လူအုပ်ထဲ လက်နက်ကြီးကျလို့ လူ ၂၀၀ ခန့် သေဆုံး

စစ်ရှောင် ရိုဟင်ဂျာ ဒုက္ခသည် လူအုပ်ထဲ လက်နက်ကြီးကျလို့ လူ ၂၀၀ ခန့် သေဆုံး

၇ ဩဂုတ်၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြားတိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူအုပ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ရိုဟင်ဂျာဒုက္ခသည် ၂၀၀ ဝန်းကျင် သေဆုံးသွားတယ်လို့ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်က မောင်တောဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေရဲ့ လူအုပ်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူအများအပြားသေဆုံးသွားခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က New Day Myanmar ကိုပြောပါတယ်။

“စစ်ရှောင်ဖို့ ဘင်္ဂလားဒေရှ့်ကို ကူးဖို့လုပ်တုန်း၊ ဒရော့ဗုံးပစ်ခတ်ခံရတယ်လို့ပြောတယ်၊ တချို့ မိသားစုတစ်စုလုံး ၂ ယောက်နှစ်ဘဲကျန်တာတို့ ငါးယောက်လောက်သေသွားတာရှိတယ်၊ အမျိုးသမီး၊ ကလေးအများဆုံးသေဆုံးတယ်”လို့ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က ပြောပါတယ်။

အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ အဲ့ဒီ လက်နက်ကြီးကို အာရက္ခတပ်တော် AA ကပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကို အာရက္ခတပ်တော် AA က ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ New Day Myanmar အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ရုပ်သံကို New Day Myanmar ရဲ့ Telegram မှာ ကြည့်နိုင်ပါတယ်။ Telegram >> https://buff.ly/4bVTD97

ဆက်စပ် သတင်းများ

Most read