Homeအထူးသတင်းထိုင်း မြူနီစီပယ်အစည်းအဝေးဓာတ်ပုံထဲက အမျိုးသမီးအရာရှိရဲ့ အသွင်အပြင် ထိုင်းလူမှုကွန်ရက်မှာ လူပြောများ

ထိုင်း မြူနီစီပယ်အစည်းအဝေးဓာတ်ပုံထဲက အမျိုးသမီးအရာရှိရဲ့ အသွင်အပြင် ထိုင်းလူမှုကွန်ရက်မှာ လူပြောများ

ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ယာလာခရိုင်က မြူနီစီပယ်ဘတ်ဂျက်အစည်းအဝေး ဓာတ်ပုံတစ်ပုံမှာ ပါဝင်တဲ့ အမျိုးသမီးအရာရှိတစ်ဦးရဲ့ ပြင်ဆင်ဝတ်စားထားမှုနဲ့ အသွင်အပြင်ကို လူမှုကွန်ရက်အသုံးပြုသူတွေ အာရုံစိုက်ခဲ့ကြပြီး ဓာတ်ပုံဟာ အွန်လိုင်းမှာ ပျံ့နှံ့လူပြောများနေပါတယ်။

အဲဒီဓာတ်ပုံကို ယာလာခရိုင်၊ ယာဟာမြို့နယ်ရှိ ပတ်တဲကျေးရွာအုပ်စု မြူနီစီပယ်က ဩဂုတ် ၃ ရက်မှာ ကျင်းပခဲ့တဲ့ ၂၀၂၇ ဘဏ္ဍာနှစ် ဘတ်ဂျက်ဥပဒေကြမ်းနဲ့ ၂၀၂၇ ကနေ ၂၀၂၉ ခုနှစ်အထိ သုံးနှစ်တာ ဝန်ထမ်းအင်အားစီမံကိန်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးမှတ်တမ်းအဖြစ် တင်ထားတဲ့ ဓာတ်ပုံဖြစ်ပေမယ့် လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုဟာ တခြားအရာရှိတွေကြားမှာ မိတ်ကပ်အပြည့်နဲ့ သပ်ရပ်စွာ ပြင်ဆင်ထားတဲ့ မြူနီစီပယ်အုပ်ချုပ်ရေးဌာန အကြီးအကဲ အမျိုးသမီးအရာရှိဆီ ပြောင်းလဲသွားခဲ့တာပါ။

ဓာတ်ပုံမှာ Reaction နဲ့ မှတ်ချက် ထောင်နဲ့ချီ ရရှိလာပြီးနောက် အဲဒီအရာရှိကလည်း ဓာတ်ပုံကို အလင်းတင်ပြင်ဆင်ထားတာ သတိထားမိသူတွေကို ဟာသနှောပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“ဓာတ်ပုံကို ပြင်ထားတာ သတိထားမိသူတွေ တော်ကြပါတယ်။ အလုပ်တွေများလို့ ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ဖုံးဖို့ ဓာတ်ပုံကို အလင်းတင်ထားတာပါ” လို့ သူက မှတ်ချက်ရေးသားခဲ့ပါတယ်။

သူ့ရဲ့ ဟာသနှောတုံ့ပြန်မှုကိုလည်း လူမှုကွန်ရက်အသုံးပြုသူတွေက သဘောကျခဲ့ကြပြီး ဓာတ်ပုံဟာ ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ ဆက်လက်ပျံ့နှံ့နေတယ်လို့ Khaosod English က ဖော်ပြပါတယ်။

Related News

Most Read