Homeအထူးသတင်းအီရန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အများစု ညှိနှိုင်းပြီးဖြစ်ပေမယ့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး အငြင်းပွားမှု ဆက်ရှိနေဟု ထရမ့်ပြော

အီရန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အများစု ညှိနှိုင်းပြီးဖြစ်ပေမယ့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး အငြင်းပွားမှု ဆက်ရှိနေဟု ထရမ့်ပြော

၂၄ မေ ၂၀၂၆ | New Day Myanmar

အီရန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အများစုကို ညှိနှိုင်းပြီးဖြစ်ပေမယ့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဆက်ရှိနေသေးတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလာကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်က ငြိမ်းချမ်းရေးမူဘောင်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မကြာမီ ကြေညာသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အီရန်ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အများစု ညှိနှိုင်းထားတဲ့ နားလည်မှုစာချွန်လွှာတွေထဲက တစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီးတော့ အီရန်ဘက်က ပြန်လည်ငြင်းဆိုထားပါတယ်။

ဒါ့ကြောင့် သဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လက်ရှိမှာ ဆွေးနွေးနေဆဲဖြစ်ပြီး မကြာမီ ကြေညာပေးသွားမယ်လို့ ထရမ့်က Truth Social မှာ ရေးသားထားပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးကြီးတဲ့ မဟာဗျူဟာရေလမ်းကြောင်းတစ်ခုဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသက ရေနံတင်ပို့မှုအများစု ဖြတ်သန်းရာနေရာလည်း ဖြစ်ပါတယ်။ အဲဒီရေလက်ကြား ပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာပါက ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို တိုက်ရိုက်သက်ရောက်မှုရှိလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

ထရမ့်ရဲ့ ယခုထုတ်ဖော်ပြောကြားချက်တွေဟာ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ဆက်ရှိနေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး နှစ်ဖက်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရဲ့ အခြေအနေအပေါ် နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။

#အမေရိကန်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး