Homeပြည်တွင်းသတင်းရန်ကုန်နှင့် မြန်မာ့ကမ်းရိုးတန်းအနီး မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်၊ ၂ ရက်အတွင်း (၃) ကြိမ်ရှိလာ

ရန်ကုန်နှင့် မြန်မာ့ကမ်းရိုးတန်းအနီး မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်၊ ၂ ရက်အတွင်း (၃) ကြိမ်ရှိလာ

၁၉ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်းနဲ့ မြန်မာ့ကမ်းရိုးတန်းအနီးတစ်ဝိုက်မှာ ဒီကနေ့ မေ ၁၉ ရက် မနက်ပိုင်းက ငလျင်ငယ်တွေ ၂ ကြိမ်ထက်မနည်း ထပ်မံလှုပ်ခတ်သွားခဲ့တယ်လို့ မြန်မာ့ငလျင်စင်တာရဲ့ အသိပေးချက်အရ သိရပါတယ်။

ဒီကနေ့ မေ ၁၉ ရက် မြန်မာစံတော်ချိန် မနက် ၇ နာရီ ၂၅ မိနစ်အချိန်မှာ ရန်ကုန်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၄၀ ဝန်းကျင်အကွာ မြန်မာ့ပင်လယ်ကြမ်းပြင် မြေအောက်အနက် ၆ မိုင်ခန့်ကို ဗဟိုပြုပြီး ပြင်းအား မဂ္ဂနီကျူ့ ၂.၈ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပင်လယ်ပြင်ငလျင် မလှုပ်ခတ်မီ မနက် ၃ နာရီ ၅၀ မိနစ်အချိန်ကလည်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့အနီး မြေအောက် ၆ မိုင်အနက်ကို ဗဟိုပြုပြီး ပြင်းအား မဂ္ဂနီကျူ့ ၃.၀ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သေးတယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက် မနက်ပိုင်းကလည်း ကျောက်တန်းမြို့နယ်ရဲ့ တောင်ဘက် ၉ မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား မဂ္ဂနီကျူ့ ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ရန်ကုန်မြို့ပေါ်ရှိ အထပ်မြင့်အဆောက်အအုံတွေ တုန်ခါမှု ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။

အခုလို ၂ ရက်အတွင်း ရန်ကုန်မြို့အနီးတစ်ဝိုက်မှာ မြေငလျင်ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ငလျင်ဘေးအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး