၂၉ ဧပြီ ၂၀၂၆ | New Day Myanmar
ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ ရန်ကုန်တိုင်း အတွင်း မိုးရွာနိုင်ခြေ ရာနှုန်း ၈၀ ရှိပြီး လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသီးကြွေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လတ်တလော ရန်ကုန်တိုင်း အတွင်း မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းတို့ ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေ သတိထားကြဖို့ နှိုးဆော်ထားပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ မွန်ပြည်နယ် တို့မှာလည်း နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နောက်ထပ် ၂ ရက်အတွင်း ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ မိုးဆက်လက်ထစ်ချုန်းရွာနိုင်တဲ့ အခြေအနေ ဆက်လက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ခန့်မှန်းထားပါတယ်။
ဒါကြောင့် ပြည်သူတွေ အပြင်ထွက်ရာမှာ ထီး၊ မိုးကာများ ယူဆောင်သွားရန်နဲ့ မိုးသက်လေပြင်းတိုက်ခတ်နေစဉ် သစ်ပင်ကြီးများနဲ့ ဓာတ်ကြိုးအနီး မနေရန် သတိထားကြဖို့လည်း နှိုးဆော်ထားပါတယ်။
ပုံစာ – ရန်ကုန်မှာ ၂၀၂၆ခုနှစ်မ တ်လ ၁၂ ရက်က မိုးသီးကြွေးနေစဉ်


