Homeပြည်တွင်းသတင်းမန်းလေးမှာ ငလျင်လှုပ်

မန်းလေးမှာ ငလျင်လှုပ်

၂၆ မတ်လ ၂၀၂၆ | New Day Myanmar

မန္တလေးမှာ ဒီနေ့ မတ်လ ၂၆ ရက် ည ၇ နာရီ ၃၅ မိနစ်ခန့်မှာ ငလျင်တစ်ကြိမ် ပြန်လည်လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအဆိုအရ လှုပ်ခတ်မှုကို မန်းလေး၊ စစ်ကိုင်းနဲ့ အနီးအနားမြို့တွေမှာ ခံစားနိုင်ခဲ့ပြီး အချိန်တိုအတွင်း လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်တွေ မရှိသေးပေမယ့် လူမှုကွန်ရက်ပေါ်မှာ ဒေသခံတွေက လှုပ်ခတ်မှုကို သိသာစွာ ခံစားရတယ်လို့ မျှဝေနေကြပါတယ်။

ဒေသခံအချို့ကတော့ “ရုတ်တရက် လှုပ်သွားတာကြောင့် ကြောက်လန့်သွားကြတယ်” လို့ ပြောဆိုနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး