Homeပြည်တွင်းသတင်းဗိုလ်နဂါး စစ်ကော်မရှင်ထံ လက်နက်ချပြီးနောက် ပုလဲဆေးရုံအနီး ဗုံးကြဲခံရ

ဗိုလ်နဂါး စစ်ကော်မရှင်ထံ လက်နက်ချပြီးနောက် ပုလဲဆေးရုံအနီး ဗုံးကြဲခံရ

၁၈ ဖေဖော်ဝါရီ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး စစ်ကော်မရှင်ထံ လက်နက်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပုလဲဆေးရုံအနီး ဗုံးကြဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံသတင်းအရင်းမြစ်တွေအရ ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီ ၂၆ မိနစ်ခန့်မှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ စက်တပ်လေထီး (Paramotor) ၁ စီးကို အသုံးပြုပြီး ပုလဲနယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ပုလဲဆေးရုံအနီး ဗုံးကြဲခံရတယ်လို့ သိရပြီး လူထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ New Day Myanmar အနေနဲ့ ဆက်လက် စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ ဗိုလ်နဂါး စစ်ကော်မရှင်ဘက်ကို လက်နက်ချခဲ့တဲ့ သတင်း ထွက်ပေါ်လာပြီးနောက် မကြာခင်အချိန်အတွင်း ဒီလို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားလာတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ပြောပါတယ်။

#ပုလဲ

#စစ်ကိုင်းတိုင်း

#လေကြောင်းတိုက်ခိုက်မှု

#ပုလဲဆေးရုံ

#စစ်ကော်မရှင်

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး