Homeပြည်တွင်းသတင်းတရုတ်နှစ်ကူးကာလ အတွက် စစ်ကော်မရှင် အထူးရထားခရီးစဉ်တွေ ပြေးဆွဲမယ်

တရုတ်နှစ်ကူးကာလ အတွက် စစ်ကော်မရှင် အထူးရထားခရီးစဉ်တွေ ပြေးဆွဲမယ်

၇ ဖေဖော်ဝါရီ ၂၀၂၆

ဖေဖော်ဝါရီလအတွင်း ကျရောက်မယ့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလ အတွင်း စစ်ကော်မရှင်လက်အောက်ခံ မြန်မာ့မီးရထားက အထူးရထားခရီးစဉ်တွေ စီစဉ်ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

အထူးရထားခရီးစဉ်တွေကို ရန်ကုန်–နေပြည်တော်–ရန်ကုန်, ရန်ကုန်–မော်လမြိုင်–ရန်ကုန်, ရန်ကုန်–ပြည်–ရန်ကုန် ခရီးစဉ်တွေမှာ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

တရုတ်နှစ်ကူးဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာရန်ကုန်–နေပြည်တော် DEMU အဆန်အထူးရထား၊နေပြည်တော်–ရန်ကုန် DEMU အစုန်အထူးရထား၊မော်လမြိုင်–ရန်ကုန် လေအိတ် အစုန်အထူးရထားနဲ့

ပြည်–ရန်ကုန် လေအိတ် အစုန်အထူးရထား

တွေကို ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

စစ်ကော်မရှင်က ပြည်ထောင်စုနေ့ဖြစ်တဲ့ဖေဖော်ဝါရီ ၁၂ ရက်မှာလည်းရန်ကုန်–နေပြည်တော် DEMU အဆန်အထူးရထား၊

နေပြည်တော်–ရန်ကုန် DEMU အစုန်အထူးရထား၊ရန်ကုန်–မော်လမြိုင် လေအိတ် အဆန်အထူးရထား၊ရန်ကုန်–ပြည် လေအိတ် အဆန်အထူးရထားတွေကို ပြေးဆွဲပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အထူးရထားခရီးစဉ်တွေကို အသုံးပြုလိုသူတွေဟာ အထက်တန်းလက်မှတ်ကို သုံးရက်ကြိုတင်၊ ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင် ဝယ်ယူရမှာဖြစ်ပြီး ရန်ကုန်–နေပြည်တော်–ရန်ကုန် DEMU အထူးရထားအတွက်တော့ ORTP စနစ်နဲ့ အွန်လိုင်းကနေ ကြိုတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး