Homeပြည်တွင်းသတင်းအမေရိကန် အထက်လွှတ်တော်က မြန်မာအတွက် ဒေါ်လာ ၁၂၁ သန်းပေးအပ်ဖို့ ခွင့်ပြု

အမေရိကန် အထက်လွှတ်တော်က မြန်မာအတွက် ဒေါ်လာ ၁၂၁ သန်းပေးအပ်ဖို့ ခွင့်ပြု

၃၁ ဇန်နဝါရီ ၂၀၂၆

အမေရိကန် အထက်လွှတ်တော် United States Senate က မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း ပေးအပ်မယ့် ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်။

၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ရဲ့ နိုင်ငံခြားရေး အကူအညီပေးပုံစံကို ပြောင်းလဲထားပြီး မြန်မာအပါအဝင် နိုင်ငံတချို့ကို ပေးမယ့် ရန်ပုံငွေတွေကို “အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ” ဆိုတဲ့ ခေါင်းစဉ်သစ်အောက်မှာ စုပေါင်းထည့်သွင်းထားပါတယ်။

အဆိုပါ အစီအစဉ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇ ဘီလျံကို ခွင့်ပြုထားပြီး၊ အဲဒီထဲကနေ မြန်မာအတွက် ဒေါ်လာ ၁၂၁ သန်းကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ အကူအညီတွေကို Burma Act of 2022 မှာ ပါရှိတဲ့ လုပ်ပိုင်ခွင့်တွေကို အခြေခံပြီး ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အဖြစ် ဆက်လက် အသုံးပြုသွားမယ်လို့ သိရပါတယ်။ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုတွေ အပါအဝင် မြန်မာအတွက် လိုအပ်တဲ့ အရေးပေါ်အကူအညီတွေကိုလည်း ထည့်သွင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်ကလည်း ဇန်နဝါရီ ၁၄ ရက်မှာ အတည်ပြုပြီးသား ဖြစ်တာကြောင့် လက်ရှိမှာ သမ္မတ Donald Trump ရဲ့ လက်မှတ်ရေးထိုးမှုသာ ကျန်ရှိနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး