အီရန်ဆန္ဒပြသူတွေရဲ့ အလောင်းတွေပြန် ထုတ်ပေးရာမှာ အီရန်အာဏာပိုင် အဖွဲ့က အလောင်းလာထုတ်တဲ့မိသားစုတွေဆီက ငွေညှစ်တောင်းဆိုတာမျိုးတွေလုပ်နေတယ်လို့ အီရန်လူ့အခွင့်အရေးအဖွဲ့အစည်းတွေဆီကနေ သတင်းတွေထွက်ပေါ်နေပါတယ်။
ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတဲ့ အီရန်မြောက်ပိုင်းက ရက်ရှ်တ်မြို့မှာ မိသားစုတစ်စုကအလောင်းထုတ်ယူဖို့ သွားရောက်စုံစမ်းတဲ့အခါ ဒေါ်လာ ၅၀၀၀ လောက်အထိတောင်းဆိုတာနဲ့ ကြုံနေရသလို တဟီရန်မှာလည်းဆောက်လုပ်ရေး အလုပ်ကြမ်း သမားတစ်ဦးရဲ့ အလောင်းကို မိသားစုက ထုတ်ယူရာမှာ ဒေါ်လာ ၇၀၀၀ လောက်ထိ တောင်းဆိုနေတယ်လို့ သိရပါတယ်။
အီရန်မှာ အောက်ခြေအလုပ်သမား တစ်ဦးရဲ့ လစာဟာ ဒေါ်လာ ၁၀၀ အောက်လောက်သာ ရှိနေတာပါ။
အီရန်မှာ ဒီဇင်ဘာလကုန်ပိုင်းက စတင်တဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးအဖွဲ့တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုကြောင့် ဆန္ဒပြ ပြည်သူ၂,၄၃၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတာပါ။
အဲဒီ ဆန္ဒပြပွဲတွေဟာ နိုင်ငံရဲ့ ငွေကြေးယူနစ် တန်ဖိုးကျဆင်းမှုကို အကြောင်းပြုပြီး တဟီရန်မြို့တော်မှာ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်နိုင်ငံလုံးကို ကူးစက် သွားပြီး ဘာသာရေး အခြေပြု အုပ်စိုးတဲ့ အစိုးရကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုကြီးအသွင် ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။
အလောင်းထုတ်ယူတဲ့ဖြစ်စဥ်တစ်ခုမှာဆိုရင် တဟီရန်မြို့အာဏာပိုင်တွေက သေ ဆုံးသွားတဲ့ကလေးတစ်ယောက်ရဲ့ မိသား စုအနေနဲ့ သူတို့ကလေးသေရတာဟာဆန္ဒပြသူတွေက သတ်ဖြတ်လို့ဆိုပြီး လိမ် လည်ထွက်ဆိုပေးမယ်ဆိုရင် တစ်ပြားမှ ပေးစရာမလိုဘဲ အလောင်းကို ပြန်ယူခွင့် ပြုမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု သတင်းအေဂျင်စီ (HRANA)ရဲ့ အဆိုအရ အီရန်မှာ ဆန္ဒပြမှုတွေ စတင်လာချိန် ကတည်းက ကလေး ၁၃ ဦး အပါအဝင် ဆန္ဒပြပြည်သူ ၂,၄၃၅ ဦးထက်မနည်း သေဆုံးပြီး လုံခြုံရေး အရာရှိတွေဖက်က ၁၅၃ ဦးလောက် အ သက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ လူပေါင်း ၁၈,၄၇၀ လောက်လည်း အဖမ်းခံထားရပါတယ်။
အီရန်ရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင် အစုအဖွဲ့ဖြစ်တဲ့ တော် လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ထောက် လှမ်းရေး ယူနစ်တွေဟာလည်း ဆန္ဒပြမှုတွေကို ထောက်ခံနေ၊ တွန်းအားပေးနေတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ သပိတ်ခေါင်းဆောင်တွေကို ခြေရာခံ ဖမ်းဆီးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters, The New York Times


