အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ငပလီကမ်းခြေဒေသကို စစ်ကော်မရှင်တပ်က မနေ့က ဒီဇင်ဘာ ၂၉ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၂ဦးအပါ ဒေခံ ၉ဦးသေဆုံးခဲ့တယ်လို့ ကနဦး စုံစမ်းသိရှိရပါတယ်။
အခြားဒေသခံ ၆ဦးလည်း ဒဏ်ရာရခဲ့တယ်လို့သိရပြီး၊ သေဆုံးသူတွေထဲမှာ အသက် ၅နှစ်အောက်ကလေးငယ်နှစ်ဦးပါဝင်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်ခံရမှုအတွက်အာရက္ခတပ်တော်(AA)ကထုတ်ပြန်ထားခြင်းမရှိသေးဘဲ New Day Myanmarက ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက်ကလည်း မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ တိုက် ခိုက်လို့ ဆေးကုသနေသူတွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါအပြင် စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလကစတင်ပြီး သံတွဲမြို့ကို လေကြောင်းအပြင် စစ်သင်္ဘောတွေပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြောင့် AA သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ငပလီကမ်းခြေဟာ အာရှရဲ့အလှဆုံးကမ်းခြေစာရင်းဝင်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ နာမည်ကြီးတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။
ဓာတ်ပုံ – APM


