Homeပြည်တွင်းသတင်းရန်ကုန်တွင် ဘွဲ့ရသူများစာရင်းကို လိုက်လံ ကောက်ယူနေ

ရန်ကုန်တွင် ဘွဲ့ရသူများစာရင်းကို လိုက်လံ ကောက်ယူနေ

၂၂ ဒီဇင်ဘာ ၂၀၂၅

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ ဘွဲ့ရရှိထားသူတွေစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စာရင်းပေးကြဖို့ လော်စပီကာတွေနဲ့ လိုက်လံနှိုးဆော်နေတာမျိုးတွေရှိတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်းမှာ ဆရာဝန်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ဥပဒေဘွဲ့၊ ရေကြောင်းသိပွံဘွဲ့ စတဲ့ အသက်မွေးဝမ်းကြောင်းဘွဲ့‌တွေ ယူထားသူတွေရှိရင် စာရင်းလာပေးဖို့ အုပ်ချုပ်ရေးမှူးအဖွဲ့က လိုက်လံနှိုးဆော်နေတာပါ။

“ဘာ့အတွက်လဲတော့မသိဘူး။ ဘာ့အတွက်ဆိုတာလဲ လိုက်အော်တဲ့အထဲမပါဘူး။ ဘာမဟုတ်တဲ့ဘက်က ကြံနေပြန်ပြီလဲမသိဘူး”လို့ ဒဂုံဆိပ်ကမ်းမြို့နေသူတဦးက ပြောပါတယ်။

အလားတူဘဲ ဒီဇင်ဘာ ၂၀ ရက်ကလည်း အရှေ့ဒဂုံမြို့နယ် ၁၁၀ ရပ် ကွက်ဘက်နဲ့ ပုဇွန်တောင်မြို့နယ်ထဲမှာ ဘွဲ့ရသူတွေရဲ့စာရင်းကိုလိုက်လံကောက် ယူသွားခဲ့ကြတယ်လို့ New Day Myanmar ကစုံစမ်းသိရှိရပါတယ်။

ပုံစာ – ရန်ကုန်မြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (ပုံဟောင်း)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး