Homeပြည်တွင်းသတင်းမလေးရှားနဲ့ထိုင်းကို ပို့မယ့် ကျပ် ၁၃၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

မလေးရှားနဲ့ထိုင်းကို ပို့မယ့် ကျပ် ၁၃၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

၁၆ ဒီဇင်ဘာ ၂၀၂၅

မလေးရှားနဲ့ထိုင်းရေပိုင်နက်ကို ပင်လယ်ရေကြောင်း က တဆင့် သယ်ဆောင်မဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ကျပ် ၁၃၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေး ဝါးတွေကို မြောက်ဥက္ကလာပမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း‌ရေးရဲတပ် ဖွဲ့က ထုတ်ပြန်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉) ရပ်ကွက်၊ ကနောင် (၁) လမ်းမှာ ရွှေမောင်ဆန်း အပါအဝင် ၄ဦးကို ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ HINO Box မော်တော်ယာဉ် ၁ စီး၊ MARK-X မော်တော်ယာဉ် ၁ စီး၊ LIGHT TRUCK မော်တော် ယာဉ် ၁ စီးနဲ့အတူ နိုဝင်ဘာလ ၂၇ ရက်‌နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ အသိပေးထားပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ရွှေပေါက္ကံမြို့သစ်၊ (၁၉)ရပ်ကွက်က ဂိုဒေါင်ကို ဆက်လက်ရှာဖွေရာ ဂိုဒေါင်အတွင်း အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နဲ့ကက်တမင်း ၆၀ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ HINO Box ယာဉ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ကနေ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ကို စိတ်ပြောင်းဆေးဝါး များ သယ်ဆောင်ခဲ့ပြီး တဆင့်လွှဲပြောင်းပေးခဲ့သူ မြတ်မင်းကိုနဲ့ ပြည့်စုံအောင်တို့ကို နိုဝင်ဘာ ၂၇ ရက်မွန်းလွဲ ၂နာရီအချိန် မင်္ဂလာ ဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ တည်းခိုခန်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကွင်းဆက်ဖမ်းဆီးမူအနေနဲ့ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့ကနေ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရှိ ဂိုဒေါင်အတွင်း ကိုစိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခဲ့တဲ့ ဇော်နိုင်ဦးနဲ့ နေမင်းကျော်ထွေးတို့ကို နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီမှာ စိတ်ပြောင်းဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့တဲ့ MITSUBISHI FUSO ဆီဘောက်ဆာယာဉ် ၁ စီးနဲ့အတူ ကျောက်ဆည်မြို့နယ်၊ သံရွာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထပ်ဆင့်စစ်ဆေးပေါ်ပေါက်ချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကနေ ရန်ကုန်မြို့ကို စိတ်ပြောင်းဆေး ဝါးများ တာဝန်ခံသယ်ဆောင်သူ ကိုကိုကျော်ရဲနောင်ကို နိုဝင်ဘာ ၂၈ ရက် ညနေ ၆ နာရီအချိန်မှာ လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိနေအိမ်မှာ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့တဲ့ TOYOTA LAND CRUISER ယာဉ် ၁ စီးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင် ရာတွင် ပူးပေါင်းပါဝင်သူ များဖြစ်တဲ့ နိုင်ဝင်းထွေး (ခ) အငယ်လေး၊ မျိုးဝင်း (ခ) မျိုးကြီးနဲ့ တင်ကိုကိုလင်းတို့ကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် လားရှိုးမြို့၊ ရပ်ကွက်(၁)မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

ကွင်းဆက်ဖော်ထုတ် စစ်ဆေးချက်များအရ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နေ အားချန်(ဖမ်းဆီးရန်ကျန်)၊ ကိုစိုင်း (ခ) စိုင်းလေး (ဖမ်း ဆီးရန်ကျန်)နဲ့မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်၊ ဖောင်းချောင်းကျေးရွာနေ ရဲစိုးဦး(ဖမ်းဆီးရန်ကျန်)တို့ရဲ့အစီအမံနဲ့ရှမ်းပြည်နယ်(မြောက်ပိုင်း)ကနေစိတ်ပြောင်းဆေးဝါးများကို ရန်ကုန်မြို့ကိုသယ် ဆောင်ပြီး ပင်လယ်ရေကြောင်းက‌တဆင့် မလေးရှားနဲ့ထိုင်းရေပိုင်နက်ကသယ်ဆသယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်‌နေတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိတဲ့ ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက် အရေးယူဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး