မြောက်ဦးဆေးရုံ အပါအဝင် ရခိုင်ပြည်နယ်ကို နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က ရခိုင်ပြည်သူတွေကို စေတနာ ရှိတာကြောင့် ကျပ် ၁၀ ဘီလျံထောက်ပံ့ထားတယ်လို့ ပြောလာပါတယ်။
မြောက်ဦးဆေးရုံးကို ဗုံးကြဲပြီးနောက် ၅ ရက် အကြာ ဒီဇင်ဘာ ၁၅ ရက်မှာကျရောက်တဲ့ ၅၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့တာပါ။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေကနေ သမဝါယမအသင်းနှင့် စက်မှုလက်မှုလုပ်ငန်းများကို ခွဲဝေပေးထားခဲ့ပြီးရခိုင်ပြည်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ဖွံဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်း၊ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ တိုးတက်လာစေဖို့ ဆိုပြီး သူက ပြောပါတယ်။
ဒါဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်ဒေသကို တိုင်းရင်းသားပြည်သူတွေ အပေါ်ထားရှိတဲ့ နိုင်ငံတော်ရဲ့ စေတနာနှင့် တိုင်းရင်းသားညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်တဲ့ မျိုးချစ်စိတ် ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေကို မြင်တွေ့ရမယ်ဆိုပြီးတော့ စာထဲရေးသားထားပါတယ်။
စစ်ခေါင်းဆောင်က အဲ့လိုပြောပေမယ့် စစ်ကော်မရှင်လေတပ်ကတော့ ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ မြောက်ဦး စတဲ့ ဒေသက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
ပုံစာ – ၂၀၂၃ ခုနှစ်ဇူလိုင်လက စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တွေကိုရောက်ရှိခဲ့စဉ်
ဓါတ်ပုံ – MOI
#NewDayMyanmar#ရခိုင်ပြည်နယ်#ရခိုင်ပြည်နယ်နေ့#မြောက်ဦး#ကျောက်ဖြူ#လေကြောင်းတိုက်ခိုက်မှု


