Homeပြည်တွင်းသတင်းကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီး

ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီး

၁၅ ဒီဇင်ဘာ ၂၀၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အ တွင်းက အင်တိုင်းရွာ၊ ကျောက်ကလေရွာနဲ့ မင်းရပ်ရွာတို့ကို စစ်ကော်မရှင်က နာရီပိုင်းသာခြားပြီး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ကြောင့် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

တိုက်ခိုက်မှုကို လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ တရက်တည်းမှာဘဲ နာရီပိုင်းသာခြားပြီး‌တော့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁နာရီအချိန်မှာကျောက်ဖြူမြိုနယ်၊ အင်တိုင်းကြီးရွာဘုန်းကြီးကျောင်းကို ဦးတည်ပြီး အသေခံ ဒရုန်းတစီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်း ခေါင်မိုးနဲ့ နံရံတွေပြိုကျ ပျက်စီးကာ သံဃာ့အသုံးအဆောင်ပစ္စည်းတွေပျက်စီးခဲ့ပါတယ်။

အဲဒီနေ့ မွန်းလွဲ ၂နာရီအချိန်မှာဘဲ ကျောက်ဖြူမြိုနယ်၊ ကျောက်ကလေရွာ ဘုန်းကြီးကျောင်းကို အသေခံဒရုန်းတစီးနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခဲ့ရာဘုန်းကြီး ကျောင်းခေါင်မိုးတွေပြိုကျ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တပြိုင်ထဲမှာဘဲ အဲဒီနေ့၂ နာရီခွဲအချိန်မှာလည်း ကျောက်ဖြူမြိုနယ်၊ မင်းရပ်ရွာမှာရှိတဲ့ မူလတန်းစာသင်ကျောင်းက်ု အသေခံဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ပြန်ရာ စာသင်ကျောင်းခေါင်မိုးနဲ့ နံရံတွေပြိုကျ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် အဲ့ဒီ တိုက်ခိုက်မှုတွေအတွင်း ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေတော့ မရှိဘူးလို့ ကျောက်ဖြူမြို့နယ် အမည်မဖော်လိုတဲ့ ဒေသခံပရဟိတတာဝန်ခံတဦးက New Day Myanmar ကို ပြောပါတယ်။

“သတင်းကတော့ဟုတ်တယ်ဗျ၊ သေဆုံးတာတွေတော့မရှိဘူး၊ ရွာကသူတွေလည်း မရှိသလောက် စစ်ရှောင်နေကြတယ်။”လို့ သူက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်းကျောက်ဖြူမြိုနယ်၊ င/လုံးစုအထက်ရွာနဲ့အောက်ရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ စစ်ဘေးရှောင်တွေအပါ အရပ်သားပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး၊ ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-APM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး