Homeပြည်တွင်းသတင်းမြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှု အာဆီယံဥက္ကဋ္ဌ အပြင်းအထန်ရှုတ်ချ

မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှု အာဆီယံဥက္ကဋ္ဌ အပြင်းအထန်ရှုတ်ချ

၁၄ ဒီဇင်ဘာ ၂၀၂၅

မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုကို အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံက အပြင်းအထန်ရှုတ်ချလိုက်ပြီး ဂျနီဗာကွန်ဗန်းရှင်းနဲ့ နိုင်ငံတကာဥပဒေ တွေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉နာရီကျော်အချိန်က စစ်ကော်မရှင် တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃၃ ဦးသေဆုံးပြီး ၇၇ ဦးဒဏ်ရာရသွားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ၁၉၄၉ ခုနဲ့ ဂျီနီဗာကွန်ဗင်းရှင်း တွေအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကိုချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံပဋိ ညာဉ်စာတမ်းမှာလည်း ဖော်ပြထားတဲ့ အခြေခံမူတွေနဲ့ မညီညွတ်တာကြောင့် လက်မခံနိုင်စရာဖြစ်တယ်လို့လည်း အာဆီယံကဆိုပါ တယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ ထိခိုက်ခံစားရသူတွေ၊ ဒဏ်ရာရရှိသူတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးအနေနဲ့ ခွဲခြားမှုမရှိဘဲ အကြမ်းဖက်မှုတွေ အလျှင်အမြန်ရပ်တန့်ဖို၊ အရပ်သားတွေနဲ့ အရပ်သားအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့၊ အရပ်သားအားလုံးနဲ့ အရပ်ဘက်အဆောက်အအုံတွေရဲ့ ကာကွယ် စောင့်ရှောက်မှုနဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတဝှမ်း အပစ်အခတ်ရပ်စဲရေးကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့အာဆီယံခေါင်းဆောင်တွေရဲ့ ကြေညာချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ထပ်ပြီးတောင်းဆိုထားပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို​အတွက် အာဆီယံဘုံသဘောတူညီချက်လုပ်ငန်းစဉ် ၅ ရပ် (Five – Point Consensus) ကိုအကောင်အထည်ဖော်ဖို့ အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံက ထပ်ပြီးတောင်းဆို ထားပါတယ်။

News – BNA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး