Homeပြည်တွင်းသတင်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ ရပ်ကွက်ကျေးရွာအုပ်စု ၃၀၀၀ နေရာမှာကျင်းပနိုင်ဖို့ မရှိဟု UEC ကြေညာ

စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ ရပ်ကွက်ကျေးရွာအုပ်စု ၃၀၀၀ နေရာမှာကျင်းပနိုင်ဖို့ မရှိဟု UEC ကြေညာ

ဒီဇင်ဘာ ၂၀၂၅

စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ရပ်ကွက်ကျေးရွာအုပ်စုအလိုက် ၂၉၃၁ နေရာမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ စစ်ကော်မရှင်လက် အောက်ခံ ရွေး/ကော်က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအပိုင်း (၁)နဲ့(၂) အတွင်း ကျင်းပမယ့်မြို့နယ် ၂၀၂ မြို့နယ်အတွင်းက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စုများစာရင်းကို ကြေညာလာတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာပါတဲ့ မြို့နယ် ၂၀၂ မြို့နယ်အတွင်းက စုစု ပေါင်းရပ်ကွက် ၁၆၁ ရပ်ကွက်နဲ့ ကျေး ရွာအုပ်စု ၂၇၇၀စု၊ စုစုပေါင်း ၂၉၃၁ နေရာမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘူးလို့ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ အဲ့ဒီရပ်ကွက်ကျေးရွာအုပ်စုနာမည် အသေး စိတ်တွေကို ရွေးကောက်ပွဲကော်မရှင်ဝက်ဆိုဒ်မှာ ဖော်ပြပေးထားတာကိုလည်းတွေ့ရပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နဲ့ အ ပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီလ ၁၁ နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေး ကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မြို့နယ် (၅၆)မြို့နယ်ထိရှိကြောင်းလည်း စက်တင်ဘာလအတွင်းမှာ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး