Homeနိုင်ငံတကာသတင်းထိုင်းနိုင်ငံ မှာ ရေကာတာပြိုကျတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်

ထိုင်းနိုင်ငံ မှာ ရေကာတာပြိုကျတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်

၁၃ နိုဝင်ဘာ ၂၀၂၅

ထိုင်းနိုင်ငံ Sing Buri ခရိုင်၊ In Buri မြို့ နယ်ခွဲက Wat Prasat အနီး၊ Moo 5 နဲ့ Moo 4 ကျေးရွာကြားက ရေကာတာတခု ပြိုကျတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ မနေ့က နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ရေတိုးဝင်ရာက‌နေရေဖိအားကြောင့် ပြိုကျသွားခဲ့ကာကျေးရွာတွေကို ရေဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရေဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေဟာ In Buri မြို့နယ်ခွဲထဲက Moo 5၊ Moo 4 နဲ့ Moo 3 ဆိုတဲ့ ရွာ ၃ ရွာကို ရေလွှမ်းမိုးခဲ့ပြီး ဒေသခံတွေအမြန်ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

ထိုင်းအာဏာပိုင်တွေဟာဒေသခံတွေရဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို မြင့်ရာကို ရွှေ့ဖို့၊ ယာဉ်တွေကို ဘေးကင်းတဲ့ နေရာတွေဆီ ရွှေ့ပြောင်းဖို့နဲ့ တရားဝင် သတိပေးချက်တွေကို အနီးကပ် စောင့်ကြည့်ဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘေးအန္တရာယ် သတိပေးရေး စင်တာကလည်း ဆုံးရှုံးမှုနဲ့ ပျက်စီးမှုတွေ အနည်း ဆုံ ဖြစ်အောင် ချက်ချင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပြီး၊ နောက်ထပ် ပျက် စီးမှုတွေ မဖြစ်အောင် ရေထိန်းချုပ်ရေး လုပ်ငန်းတွေကို အားဖြည့် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Nation Thailand

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး