Homeပြည်တွင်းသတင်းမလေးရှားနိုင်ငံမှာ ပြုလုပ်မယ့်ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းရမယ့်အာဆီယံအတွက် နောက်ဆုံးအခွင့် အရေးဖြစ်တယ်လို့ SAC-M ထုတ်ပြန်

မလေးရှားနိုင်ငံမှာ ပြုလုပ်မယ့်ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းရမယ့်အာဆီယံအတွက် နောက်ဆုံးအခွင့် အရေးဖြစ်တယ်လို့ SAC-M ထုတ်ပြန်

၁၄ အောက်တိုဘာ ၂၀၂၅

မလေးရှားနိုင်ငံမှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းရမယ့်အာဆီယံအတွက် နောက်ဆုံးအခွင့် အရေးဖြစ်ပြီး၊ တိကျပြတ်သားတဲ့အဆုံး သတ်ပေးနိုင်တဲ့ ဗျူဟာသစ်တရပ်ရေး ဆွဲသင့်ပြီလို့ ဒီကနေ့ အောက်တိုဘာ ၁၄ ရက်မှာမြန်မာနိုင်ငံဆိုင်ရာအထူးအကြံ ပေးကောင်စီ (SAC-M)က ထုတ်ပြန်လာပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့အစီရင်ခံစာကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အက်ဘ်ဒူလာ၊ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဟောင်း ကဆစ် ပရီယိုမာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်တွေ ပါဝင်တဲ့ SAC- M အဖွဲ့တို့ စုပေါင်းထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ အာဆီယံဘုံသ ဘောတူညီချက် ၅ ချက်ချမှတ်ထားတာဟာ မြန်မာပြည်သူတွေအတွက်အလုပ်မဖြစ်ခဲ့ကြောင်းနဲ့ အာဆီယံဘုံသလဘာတူညီချက်ဟာ ၄ နှစ်ကျော်လာပြီဖြစ်ပေမဲ့ အသက်မဝင်နေတဲ့အခြေအနေကြောင့် ဒီအပေါ်မှာ အာဆီယံအနေနဲ့ ဝန်ခံဖို့လိုပြီလို့လည်း ထောက်ပြထားပါတယ်။

အခု အောက်တိုဘာလကုန်မှာကျင်းပမဲ့ ထိပ်သီးအစည်းအဝေးမှာ မဖြစ်မနေလုပ်သင့်တဲ့ အချက် ၃ ချက်ကိုလည်း SAC – M က ဖော်ပြထားပြီး ပထမအချက်အ‌နေနဲ့အာဆီယံနိုင်ငံတွေကစစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့် ကျင်ကြောင်း ပြသဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါအပြင် နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးပြီး ပါဝင်သင့်တဲ့ နိုင်ငံရေးပါတီတွေဝင်ရောက်ယှဉ်ပြိုင်ကာ လွတ်လပ်တဲ့ရွေး ကောက်ပွဲစောင့်ကြည့်ရေးတွေ လုပ်နိုင်မှသာ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်မယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယအချက်အနေနဲ့ အာဏာသိမ်းစစ်တပ်ကို တင်းတင်းကျပ်ကျပ်ကိုင် တွယ်သင့်ပြီး ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုတာအပြင် အာဆီယံဆက်စပ် အစည်း အဝေးတွေမှာပါ စစ်တပ်ကကိုယ်စား လှယ်တက်ခွင့်မပြုတာက ကနဦးလုပ်သင့်တဲ့ခြေလှမ်းလို့လည်း ပြောပါတယ်။

တတိယအချက်အနေနဲ့ လက်ရှိ အာဆီယံ မလေးရှား ဥက္ကဌအပါ လာမယ့်နှစ်မှာ အလှည်ကျ ဥက္ကဌနောက် ကိုင်တွယ်ရမဲ့ ဖိလစ်ပိုင်နဲ့ မြန်မာ့အရေးအာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ တန်စရီ အော့တမန် ဟက်ရှင်း (Tan Sri Othman Hashim)တို့ ဦးဆောင်ပြီး တိကျတဲ့ဗျူဟာသစ်တရပ် အစည်းအဝေးမှာရေးဆွဲနိုင်အောင် လုပ်သင့်တယ်လို့ ဖော်ပြပါတယ်။

ပုံစာ – ၂၀၂၅ ခုနှစ် မေလ က ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကိုတွေ့ရစဉ်

#မလေးရှား#ထိပ်သီးအစည်းအဝေး

#NewDayMyanmar#မြန်မာ့အရေး#အာဆီယံ#နောက်ဆုံးအခွင့်အရေး#SAC-M #NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး