Homeပြည်တွင်းသတင်းစစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ် ရှေ့တန်းမှာ အသေခံခိုင်းနေတာကြောင့် တော်လှန်ရေး အင်အားစုတွေဆီ ပူးပေါင်းဖို့ NUG တိုက်တွန်း

စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ် ရှေ့တန်းမှာ အသေခံခိုင်းနေတာကြောင့် တော်လှန်ရေး အင်အားစုတွေဆီ ပူးပေါင်းဖို့ NUG တိုက်တွန်း

အောက်တိုဘာ ၂၀၂၅

စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ် ရှေ့တန်းမှာ အသေခံခိုင်းနေတာကြောင့် တော်လှန်ရေး အင်အားစုတွေဆီ ပူးပေါင်းဖို့အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ပြည်ထောင်စုဝန် ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးမိတဲ့ စစ်တပ်သုံ့ပန်းတွေဟာ အသိစိတ်ကင်းမဲ့တဲ့အထိ မူးယစ်ဆေးဝါးသုံးစွဲထားကြသူတွေ ပါဝင်နေတာကိုတွေ့ရပြီး၊ အသက်အသေခံတိုက်ခိုင်းနေတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ ဒီကနေ့ အောက်တိုဘာ၁ ရက်မှာ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားတဲ့ အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို ထည့် သွင်းပြောကြားခဲ့ပြီး စစ်မှုထမ်းတပ် သားသစ်တွေ ပြည်သူ့ဘက် ပူးပေါင်းလာဖို့ ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

“ဒါကြောင့် အဓမ္မ စစ်သားစုဆောင်းခံကြရသူတွေအနေနဲ့ မူးယစ်ဆေးစွဲပြီး ရှေ့ တန်းမှာ အသက်အသေခံကြရတဲ့အထိ မမိုက်မဲဘဲ ရရာနည်းနဲ့ တော်လှန်ရေးအင် အားစုတွေဆီ ပူးပေါင်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”လို့ ဦးနေဘုန်လတ်က ပြောပါတယ်။

ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အညမှတ် ၁ စစ်ဒေသကွပ်ကဲဦးဆောင်မှုနဲ့ စက်တင်ဘာလ (၁၅) ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၂၀) ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ်ကိုလည်း ဂုဏ်ယူကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီတိုက်ပွဲမှာ မိမိတို့ရဲ့ အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်အပေါင်းကို အထူးဂုဏ်ပြုကြောင်းပြောလိုပါတယ်။ မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော် (၆) ဦးကိုလည်း လေး မြတ်စွာနဲ့ ဦးညွတ်အလေးပြုပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ရဲဘော်များလည်း အမြန်ဆုံးသက်သာ ပျောက်ကင်းကြစေဖို့ မေတ္တာပို့သလိုက်ပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

မြန်မာ့မြေမှာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အသက်၊ ခန္ဓာ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွတ်ခဲ့ကြတဲ့ အာဇာ နည်သူရဲကောင်း အပေါင်းတို့ရဲ့ ကျေးဇူးဂုဏ်ကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အလေးအမြတ်ထား သိ မှတ်ဦးညွှတ်တယ်လို့ ဦးနေဘုန်းလတ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ-NUG

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး