Homeပြည်တွင်းသတင်းစစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စား လှယ်လောင်းတင်သွင်းထားသူ ၁,၀၀၀ ဦးကျော်ရှိ‌

စစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စား လှယ်လောင်းတင်သွင်းထားသူ ၁,၀၀၀ ဦးကျော်ရှိ‌

၂၄ စက်တင်ဘာ ၂၀၂၅

လာမယ့် ဒီဇင်ဘာလ ၂၈ မှာ စစ်ကော် မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ တပြည်လုံးအနေနဲ့ ဝင်ပြိုင်မဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တင်သွင်းထားတာဟာ ၁,၀၁၈ ဦးနဲ့အများဆုံးဖြစ်နေတာတွေ့ရပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၇ပါတီမှာကိုယ်စားလှယ်လောင်း တင်သွင်းထားရာမှာ ကြံ့ခိုင်ရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရတာပါ။

ကိုယ်စားလှယ်လောင်း တင်သွင်းထားတဲ့ ပါတီအလိုက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ၁,၀၁၈ ဦး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ ၆၉၄ ဦး၊ ပြည်သူ့ရှေ့ ဆောင်ပါတီ ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင် သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပါတီ ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ၅၈၄ ဦး၊ ပြည်သူ့ပါတီ ၅၁၂ ဦး၊ တိုင်း ပြည်နယ်တခုအတွင်း စည်းရုံးမဲ့နိုင်ငံရေးပါတီ ၅၁ ပါတီက စုစုပေါင်း၉၆၀ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၅ ဦးတို့ ရှိနေတာဖြစ်တယ်လို့ စစ်အုပ်စု လက်အောက်ခံ ရွှေး/ကော်က စက်တင် ဘာ ၂၃ ရက် မနေ့က ညနေပိုင်းမှာ ထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုတာ‌တွေကို စက်တင်ဘာ ၂၃ ရက်ကနေအောက်တိုဘာ ၄ ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးက စိစစ်တာ‌တွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲ ၃ လအလိုမှာ ရွေးကောင်ပွဲကို ထောက်ခံတဲ့ ရုရှားနိုင်ငံကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သွားရောက်မှာဖြစ်ပြီး၊ အဲဒီသွားရောက်တဲ့ ခရီးစဉ်ဟာ ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ် (World Atomic Week Forum)ဖြစ်တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-သာကေတမြို့နယ်မှာ ပါဝင်ဝင်တွေနဲ့တွေ့ဆုံခဲ့တဲ့ ကြံခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး