Homeပြည်တွင်းသတင်းရန်ကုန်မှာ စားအုန်းဆီဈေးအနည်းငယ်သာကျဆင်း‌ပေမဲ့ အကန့်အသတ်နဲ့သာရောင်းချပေး

ရန်ကုန်မှာ စားအုန်းဆီဈေးအနည်းငယ်သာကျဆင်း‌ပေမဲ့ အကန့်အသတ်နဲ့သာရောင်းချပေး

၂၄ စက်တင်ဘာ ၂၀၂၅

ရန်ကုန်မှာ စားအုန်းဆီအနည်းငယ်သာကျဆင်း‌ပေမဲ့ အကန့်အသတ်နဲ့သာ ရောင်းချပေးနိုင်တော့တယ်လို့ မြို့နေပြည်သူတွေဆီကနေသိရပါတယ်။

စားအုန်းဆီကို မြို့နယ်အလိုက်ရောင်းချပေးရာမှာ တအိမ်ထောင်ကို ၅၀ ကျပ်သားစီနဲ့ အိမ်ထောင်စု ၆၀ ကိုသာရောင်း ချပေးနိုင်ပြီး၊ ၃၇၀၀ ကျပ်ဈေးပေးဝယ်ရတယ်လို့ ဆိုပါတယ်။

“အရင်က အကန့်အသတ်မရှိဘူး။ အခုအကန့်အသတ်နဲ့ဘဲရောင်းပေးလာတယ်။အရင် ငါးဆယ်သားကို ‌လေးထောင်ကျပ်ပေါ့။ အခြေခံလူတန်းစားတွေကတော့တန်းစီပြီး ဝယ်စားရတာပေါ့။ အခုက ယိုးဒယားဆီတွေက တဆလောက်ခုန်တက်သွားတော့ အခြေခံလူတန်းစာမပြောနဲ့ အရင် ယိုးဒယားဆီစားနေတဲ့လူတန်းစားတွေလည်း စားအုန်းဆီဘက်ကို လှည့်လာရပြီ”လို့ မြို့ခံတဦးက။ New Day Myanmar ကိုပြောပါတယ်။

စစ်အုပ်စုလက်ထက်မှာ ကုန်ဈေးနှုန်းတွေဟာ တလနဲ့တလမတူဘူး အတက်ဘက်ကိုသာဦးတည်နေပြီး အခြေခံစားသောက်ကုန်တွေပါ တရိပ်ရိပ်ထိုးတက်လာတာပါ။

ဒီလိုအခြေအနေမှာ စစ်ကော်မရှင်ဟာ နယ်စပ်ကုန်သွယ်ရေးအချို့ကို အကန့် အသတ်မရှိ ပိတ်လိုက်တာကြောင့် ကုန် ဈေးနှုန်းတွေဟာ နှစ်ဆနီးပါးမြင့်တက်လာနေတာဖြစ်ပါတယ်။

ပုံစာ- ရန်ကုန်တိုင်းအတွင်းက မြို့နယ်တခုမှာ စားအုန်းဆီဝယ်ယူဖို့ တန်းစီစောင့် ဆိုင်းနေတဲ့ ပြည်သူအချို့

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး