ရန်ကုန်တိုင်း ၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ၄၈လမ်း၊ကားပါကင်မှာ အသက် ၄ နှစ်ကလေးမလေးကို အဓမ္မပြုကျင့်ခံထားရတဲ့ အနေအထားနဲ့စက်တင်ဘာ၁၈ရက်နေ့မှာ တွေ့ရှိခဲ့ရပြီး ယခု စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ တရားခံကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ စစ်ကော်မရှင်ရဲတပါဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကသိရပါတယ်။
ကျူးလွန်သူကို သင်္ဃန်းကျွန်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်ဟာ ဟယ်လ်ပင်ဆေးရုံကြီးမှာပဲ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ကလေးငယ်မှာ လမ်းဘေးတောင်းရမ်းစားသောက်တဲ့ မိသားစုကဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အသေးစိတ်နဲ့ တရားခံအချက်အလက်ကိုတော့ တရားဝင်ထုတ်ဖော်ထားခြင်းမရှိသေးပါဘူး။


