ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က အထင်ကရနေရာတခုဖြစ်တဲ့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီဝန်းကျင်အချိန်လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေ ပြည်သူတွေဆီကနေသိရပါတယ်။
အဲဒီပေါက်ကွဲမှုဟာ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးအတွက် ကာရံထားတဲ့ ဘယ်ရီဂိတ်တခုကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာမျိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။
“မြို့တော်ခန်းမကို ချတာ နှစ်ကြိမ်ရှိပြီပေါ့ဗျာ။ တပ်ရော ရဲရောလာတာအင် အားများတယ်။ အနီးနားကိုမေးမြန်းတယ်။ ကားတွေစစ်တယ် ပြီးတော့ ပြန်သွားကြတယ်။ ထိခိုက်တာမျိုးတော့မကြားဘူး။ အသံဗုံးဘဲလားတော့မသိဘူး”လို့ အနီးနားမှာရှိတဲ့ ကားစောင့်ဆိုင်းနေသူတဦးက သူမြင်တွေ့ခဲ့တာကို New Day Myanmar ကို ပြောပြပါတယ်။
လတ်တလောတွင် မြို့တော်ခန်းမအတွင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက် နက်တွေနဲ့ လုံခြုံရေးတင်းတင်းကြပ်ကြပ်စောင့်ကြည့်နေသလို့ ခန်းမပြင်ပတွင်လည်း ခပ်စိတ်စိတ် ကင်းပတ်နေတာမျိုးတွေ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာလည်း မြို့တော်ခန်းမနဲ့ ၃၁ လမ်းက စစ်တပ်လုံ ခြုံရေးချထားတဲ့ ကင်းတခုမှာဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါသေးတယ်။
ပုံစာ-၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြို့ တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲခဲ့စဉ်က မြင်ကွင်း (ပုံအဟောင်း)


