စစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲ အပေါ်ပြည်သူလူထု တရပ်လုံး ပါဝင်ခြင်း မပြုကြဘဲ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားဖို့ (KNU) က တိုက်တွန်း ဒီကနေ့ ဩဂုတ်၂၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာ စစ်တပ်ကို အကျိုးပြုမြဲ လူနဲ့ပါတီ ရွေးချယ်ပွဲကို ကရင်ပြည်သူလူထုတွေ၊ကရင်လက် နက်ကိုင်အဖွဲ့အစည်းတွေ၊ ကရငနိုင်ငံရေး အင်အားစုတွေအပြင်နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထု တစ်ရပ်လုံးက ပါဝင်ခြင်း မပြုကြဘဲ အကြမ်းမဖက်တဲ့ နည်းလမ်း
တွေနဲ့ ဆန့်ကျင်သွားဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
ဒါအပြင် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားခြင်းဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ဖို့မျက်ကွယ်ပြုတာဖြစ်ပြီး စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်တယ်လို့ ဆိုပါတယ်။
(KNU) အနေနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှုက ရရှိတဲ့ သဘောတူညီမှုနဲ့ ရေးဆွဲပြဌာန်း အတည်ပြုမယ့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ကျင်းပတဲ့ ရွေးကောက်ပွဲကသာ အမြစ်တွယ်နေတဲ့ မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေ အဆုံးသတ်နိုင်မယ်လို့ အပြည့်အဝယုံ ကြည်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဘက်ကလည်း သူတို့လုပ်မဲ့သူရွေးကောက်ပွဲကို မည်သည့်နည်းလမ်းနဲ့မဆို ဖျက်ဆီးတာတွေ ပျက်စီးအောင် ပြုလုပ်တာတွေထိခိုက်ဆုံးရှုံးစေတာတွေ ပြုလုပ်ရင် ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေအများဆုံး ထောင်ဒဏ်တစ်သက် ချ မှတ်ခံရမယ့် ဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင် လ ၂၉ ရက်က ပြဋ္ဌာန်းထားပါတယ်။
ဓာတ်ပုံ-KNU


